၁၉၉၁-၁၉၉၄ ဘူမိဗေဒသူငယ်ချင်းများ၏ စတုတ္ထအကြိမ်မြောက် အာစရိယပူဇော်ပွဲကို ၂၀၁၂ ဇန်န၀ါရီလကုန်တွင် ကျင်းပမည်။ ...........

Wednesday 19 December 2007

ကြိုးမဲ့ ငွေနန်းကြိုးလေးတစ်မျှင်

ကျေးဇူးတင်ပါတယ် သူငယ်ချင်း၊ အစီအစဉ်တွေ ပြောင်းလဲတတ်လွန်းတဲ့ ရှင်သန်မှု ဘ၀ထဲ တို့သူငယ်ချင်းတွေ အတွက် အဝေးရောက် သူငယ်ချင်းတစ်ယောက်ရဲ့ ရင်ဖွင့်ကဗျာ ကို မျှဝေခံစားနိုင်ရန် တင်ဆက်လိုက်ပါတယ်။


1991

ဖြူနီဝါပြာ၊ Color အစုံအညီနဲ့၊ ငါတို့ တဒွေ ---

အစီအရီ RC 2 ဆီ၊ ရောက်ရှိ မွေးဖွါး၊ University ကျောင်းသားတွေ

ဖြစ်ခဲ့ကြတယ်နော့်။

ဟေ့သူငယ်ချင်း -----

ပြားသလိုလိုနဲ့ လုံးနေတဲ့၊ ကမ္ဘာကြီး အကြောင်း၊

ရပ်သယောင်ယောင်နဲ့ လှုပ်ရှားရွှေ့လျားနေတဲ့၊ တိုက်ကြီးများ အကြောင်း၊

သေပြီး ထစကားပြောတတ်တဲ့၊ Fossils တွေ အကြောင်း၊

တိုးထွက်မယောင်နဲ့ ရပ်တံ့ သွားတဲ့ ချော်ခဲတွေ အကြောင်း၊

ပုန်းရှောင်ရင်း လူမိသွားတဲ့၊ သဘာဝ သံယံဇာတတွေ အကြောင်း၊

ဘေးပယောဂကြောင့် အသွင်ပြောင်းရတဲ့၊ အဖိုးတန်ကျောက်တွေ အကြောင်း၊

အသစ်တွေရဲ့ဖိအားကြောင့် ပိပြားပြီး ကျောက်ဖြစ်သွားရတဲ့၊ Sedimentary Rocks တွေရဲ့ ဘ၀ဖြစ်စဉ်တွေ၊

မမေ့သေးဘူကွယ့်၊ ငါ့နှလုံးသားရဲ့ တစ်နေရာရာ ခြေချုပ်မိနေတယ်။

1994

ရွက်ဟောင်းတွေကြွေ ဥသြထွေပွေ

ငါတို့ရဲ့ Death Note

RC မှာ List ထုတ်တော့

ပျော်ရွှင်စရာ Student Life ရှင်လျက်နဲ့ နစ်ခဲ့ကြပေါ့။

2007

ဟော့---- ကြိုးမဲ့ ငွေနန်းကြိုးလေးတစ်မျှင်၊

ငါတို့ရဲ့ဘ၀သစ်ဆီ River Nile အသွင်၊

စီးမျောရောက်အလာ -----

ဟေ့ သူငယ်ချင်းရေ့ Update Information လေးတွေ လုပ်ပါဦး၊

ဘာ---- ဟိုတစ်ယောက်က ဟိုမှာ၊

ဟေ့---- ဒီတစ်ယောက်က ဒီမှာ၊

ငါမှာ ဘယ်နှစ်ယောက် သူက အပူးတဲ့၊

အိုး--- ဒါနဲ့ မင်းရဲ့ Sweety လေးက ဘယ်ရောက်။ ။

(Memory of Geol 94 Batch)

ဆန်းမွန်

အကုန်လုံးဖတ်မယ်.....

Sunday 2 December 2007

မျိုးဆက်သစ် သတင်း

ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ (အခြေချနေထိုင်မယ်လို့ရည်ရွယ်ထားတယ်ထင်ပ) သူငယ်ချင်း ကိုညီညီဦး (သာခွေယိုင်) တစ်ယောက် ထိုင်းနိုင်ငံသူကလေးနဲ့ ဖူးစာဘက်စုံပြီး သကာလ နိုဝင်ဘာ (၈)ရက်နေ့က သမီးဦး ကလေး ကို ထိုင်းနိုင်ငံမှာဘဲ အောင်မြင်စွာ မွေးဖွားပြီးဖြစ်ကြောင်းသိရှိရပါသည်။
ကိုကျော်ဇင်ဝင်း(နေဆူးသစ်/စိုးစိုး) အတွက်လည်း မျိုးဆက်သစ် ဒုတိယမြောက် သမီးကလေးကို ရန်ကုန်မြို့မှာ နိုဝင်ဘာ (၂၈)ရက်နေ့က သူ့ရဲ့အမျိုးသမီးမှ အောင်မြင်စွာဖြင့် မွေးဖွားနိုင်ခဲ့ကြောင်း သိရှိရပါတယ်။
ကိုညီညီဦးနှင့် ကိုကျော်ဇင်ဝင်း တို့၏ ကလေးနှင့်မိခင်များသည်လည်း အဆင်ပြေ ချောမော ကျန်းမာစွာဖြင့် ရှိကြောင်း သိရသည့်အတွက် geolfriends94 အဖွဲ့သားများမှ ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြရပါသည်။ (စကားချပ် ။ ။ သားရှင် များ ဆက်သွယ်နိုင် ပါသည်။)
သူငယ်ချင်းတို့မိသားစုများ သက်ဆုံးတိုင် ပျော်ရွင်ချမ်းမြေ့မှုများနှင့် ပြည့်စုံနိုင် ပါစေကြောင်း ဆုမွန်ကောင်းများ တောင်းအပ်ပါသည်။

အကုန်လုံးဖတ်မယ်.....

Thursday 22 November 2007

သူငယ်ချင်း (၁)


အကုန်လုံးဖတ်မယ်.....

“သူငယ်ချင်း” ဆိုတဲ့ ခံစားချက် စာမူများ ဖိတ်ခေါ်ခြင်း

“သူငယ်ချင်း” ဆိုတဲ့ ခံစားချက်များ ပေးပို့ကြပါ။ “သူငယ်ချင်းများ” အကြောင်းအရာနဲ့ ပါတ်သက်ပြီး ကဗျာ၊ ဆောင်းပါး၊ ၀တ္ထု များ ကို မိမိတို့ စိတ်ကြိုက်ပုံစံဖြင့် ရေးသားပေးပို့နိုင်ပါတယ်။ English, မြန်မာ ကြိုက်ရာ နဲ့ ရေးနိုင်ပါတယ်။

အခြား ကောင်းနိုးရာရာ စိတ်ဝင်စားဖွယ်ရာ၊ အားလုံးလည်းအကျိုးရှိနိုင်မယ့် အကြောင်းအရာတွေ ကိုလည်း တတ်နိုင်သရွေ့ ဆက်ပြီး geolfriends94 သူငယ်ချင်းများမှ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
စိတ်ဝင်စားဖွယ်၊ အကြံဉာဏ်ကောင်းတွေ ရှိခဲ့ရင်လည်း ပေးကြပါဦး။
ကူညီမယ် သူငယ်ချင်းတွေကိုလည်း ဖိတ်ခေါ်ပါတယ်။
ဆရာ၊ဆရာမ၊ သူငယ်ချင်းတွေ၊ အားလုံးလည်းစိတ်ဝင်စားမယ့်အကြောင်းတွေရှိခဲ့ရင်၊ ခံစားချက်တွေ ဖွင့်အံချင်ရင် geolfriends94@gmail.com ကို ပေးပို့ဖြန့်ဝေနိုင်ပါတယ်။

အကုန်လုံးဖတ်မယ်.....

Friday 16 November 2007

MGS ၏ ခနောက်စိမ်း စာတမ်းဖတ်ပွဲ

ယခုနှစ်နှစ်ကုန်ပိုင်းမှာ MGS ဟာ စာတမ်းဖတ်ပွဲများကို ခပ်စိပ်စိပ်လုပ်လာတာ တွေ့ရပါတယ်။
၁၇ နိုဝင်ဘာ ၂၀၀၇ မှာလည်း MGS တည်ရှိရာ အင်ဂျင်နီယာအသင်းဝန်း အတွင်းမှာ ဦးဝင်းမောင် (Twiza Oil Exploration Ltd.) ဖတ်ကြားတဲ့ ခနောက်စိမ်းအကြောင်း စာတမ်းဖတ်ပွဲကို ထပ်မံပြီး အောင်မြင်စွာ ကျင်းပ ခဲ့ကြောင်း သိရှိရပါသည်။

အကုန်လုံးဖတ်မယ်.....

Thursday 8 November 2007

နိုဝင်ဘာ ၂၀၀၇ နာရေးသတင်း

အနောက်ပိုင်းတက္ကသိုလ် ပါမောက္ခ Dr ရဲမင်းဆွေ + အရှေ့ပိုင်းတက္ကသိုလ် ပါမောက္ခ Dr ချိုချိုအေး တို့၏ မိခင်ကြီးသည် မိုညှင်းမြို့တွင် ကွယ်လွန်သွား ကြောင်းသိရှိရသဖြင့် မိသားစုနှင့်တကွ ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲ ရပါကြောင်း geolfriends94 တပည့်များမှ ကောင်းရာသုဂတိ ရောက်ပါစေကြောင်း ဆုမွန်ကောင်းများ တောင်းအပ်ပါသည်။
geolfriends94 တပည့်များ၏ဆရာ၊ ရန်ကုန်တက္ကသိုလ် ဘူမိဗေဒဌာန၏ ဆရာဟောင်းတစ်ဦးဖြစ်သည့် ဆရာဦးခင်လတ်၏ ချစ်လှစွာသော ဇနီး ဒေါ်ထားရီလင်း၊ အသက် (၄၄)နှစ်သည် Singapore နိုင်ငံတွင်
၅ နိုဝင်ဘာ ၂၀၀၇က ကွယ်လွန်သွားကြောင်း ကြားသိရသည့်အတွက် ကျန်ရစ်ခဲ့သော ချစ်သမီးနှစ်ဦး၊ ဆရာဦးခင်လတ် တို့မိသားစု အားလုံးနှင့်တကွ ထပ်တူ ထပ်မျှ ၀မ်းနည်း ကြေကွဲရပါသည်။

အကုန်လုံးဖတ်မယ်.....

Gold Deposit of Myanmar စာတမ်း ဖတ်ပွဲ

၃ နိုဝင်ဘာ ၂၀၀၇ တွင် မြန်မာ့ဘူမိသိပ္ပံအသင်း၏ Gold Deposit of Myanmar စာတမ်း ဖတ်ပွဲကို ကျင်းပခဲ့ရာ ဦးတင်လှိုင်၊ ဦးအောင်ကြင်၊ ဒေါက်တာဝင်းဆွေ နှင့် ဦးကြိုင်စိန်တို့မှ စာတမ်းများကို အသီးသီးဖတ်ကြားခဲ့ပြီး တက်ရောက်လာသူများမှ တက်ကြွစွာ ဆွေးနွေးရင်း မြန်မာ့ဘူမိသိပ္ပံအသင်း၏ အသိပညာ ဖလှယ်မှုမှတ်တမ်းကို အောင်မြင်စွာ ရေးထိုးနိုင်ခဲ့ကြောင်းသိရှိရပါသည်။

အကုန်လုံးဖတ်မယ်.....

MGS-မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း ရုံးခန်းဖွင့်လှစ်ခြင်း

MGS-မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း ရုံးခန်းကို ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေရှိ MES-မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း အဆောက်အဦး၏ ၄လွှာတွင် July 2007 ကဖွင့်လှစ်လိုက်ပြီး အသင်းကိစ္စအ၀၀ကို စတင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း နှင့် အသင်းသားများအနေဖြင့် အဆိုပါ ရုံးခန်းသို့ ဆက်သွယ်ဆောင်ရွက် နိုင်ကြောင်းသိရှိရပါသည်။
ယခုလောလောဆယ်အနေဖြင့် အသင်းသားဝင်ခွင့်များကို အင်္ဂါ၊ ကြာသပတေးနေ့ များတွင် လက်ခံလျက်ရှိပြီး
ရာသက်ပန် အသင်းသားအတွက် ၁၀၀၀၀ကျပ်၊ နှင့် ပုံမှန်အသင်းသားများအတွက် နှစ်စဉ်ကြေး တစ်နှစ်လျှင် ၃၀၀၀ကျပ် ဖြစ်ကြောင်း သိရှိရပါသည်။

အကုန်လုံးဖတ်မယ်.....

Sunday 23 September 2007

ဆရာကြီးဒေါက်တာဝင်းဆွေ၏ ကျန်းမာရေးသတင်း

ကျွန်တော်တို့၏ ဆရာကြီးဒေါက်တာဝင်းဆွေသည် နှလုံးရောဂါကြောင့် ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ရာမှ ယခုဆိုလျှင် နေအိမ်တွင် အနားယူလျှက်ရှိကြောင်း ကြားသိရပါသည်။
ကျွန်တော်တို့ geolfriends94 မှ ဆရာကြီး ဒေါက်တာဝင်းဆွေ ကျန်းမာရေး တိုးတက်ကောင်းမွန်ပြီး၊ geology ပညာရပ်များ နှစ်ပေါင်းမြောက်များစွာ ဆက်လက်ဖြန့်ဝေ၊ လက်ဆင့်ကမ်း နိုင်ပါစေကြောင်း ဆုမွန်ကောင်းများ တောင်းအပ် ပါသည် ခင်ဗျား။

အကုန်လုံးဖတ်မယ်.....

Friday 21 September 2007

ဒုတိယအကြိမ် ဆရာကန်တော့ပွဲ

၂၄၊ ဖေဖေါ်ဝါရီ၊ ၂၀၀၇ (စနေနေ့) တုန်းက ဒုတိယအကြီမ် ဆရာကန်တော့ပွဲနှင့် မိတ်ဆုံညစာစားပွဲ လုပ်သွားတာ သိတဲ့လူလည်းသိတယ်၊
တချို့ကတော့ မသိတာ၊ မလာနိုင်တာတွေလည်းရှိတယ်။
နိုင်ငံခြားက သူငယ်ချင်းတွေကလည်း အလှုငွေတွေ ပေးပို့ကြပါတယ်။
ထုံးစံအတိုင်း ကျွန်တော်တို့ရဲ့ အလွန်အားကိုးရတဲ့ သူငယ်ချင်း မသူဇာတို့၊ ကိုအောင်သိန်းတို့ရဲ့ စုစည်း ကမကထ ပြုမှုရယ်၊ အထူးသဖြင့် Geology Department, Yangon University မှာ lecturer အဖြစ်ရှိနေတဲ့ ကိုကျော်လင်းဦးရဲ့ တက်တက်ကြွကြွနဲ့ ပူးပေါင်းခေါင်းဆောင်ခဲ့ လို့လည်း ဆရာ၊ဆရာမများအတွက် လစ်ဟာမှုမရှိအောင် ဖြည့်ဆည်းပေးနိုင်ခဲ့ပြီး အားလုံးဟာ အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ အခြားသော သူငယ်ချင်းတွေဟာလည်း မိမိတို့တပ်စွမ်းသရွေ့ပါဝင် ဆောင်ရွက်ခဲ့ကြတာလည်း အမှတ်တရ၊ ကြည်နူးစရာပါဘဲ။
ဟဲဟဲ မိတ်ဆုံညစာစားပွဲကတော့ ကိုလှမျိုးထွန်း-မညိုမီတို့ အိမ်မှာ စားရင်း၊ သောက်ရင်း၊ ကာရာအိုကေဆိုရင်း ပျော်ရွှင်စွာ ဆုံတွေ့ ခဲ့ကြပါတယ်။ (ဒီအတွက်လည်း အားလုံးသော Geology94က သူငယ်ချင်းတွေရဲ့ နှိပ်စက်မှုကို မညီးမငြူ ပျော်ပျော်ပါးပါးကြီး အပင်ပန်းခံပေးတဲ့ မညိုမီကို အထူး ကျေးဇူး တင်ပါတယ်။)
နောင် ၂၀၁၀ခုနှစ်မှာ ပြန်လည်ဆုံကြ ဦးမယ်လို့ စီစဉ်ထားပါတယ်။

အကုန်လုံးဖတ်မယ်.....

လိပ်စာမှတ်တမ်း

၁၉၉၁-၁၉၉၄ အတွင်းမှာ ဆုံခဲ့ကြတဲ့ သူငယ်ချင်းတွေရဲ့ စာရင်းနဲ့လိပ်စာမှတ်တမ်းကို ပြုလုပ်နိုင်အောင် ကြိုးစားနေပါတယ်။ ဖြစ်နိုင်ရင် နီးစပ်ရာ သူငယ်ချင်းတွေရဲ့လိပ်စာတွေကို ပို့ပေးကြပါဦး။
လက်လှမ်းမှီသလောက်ပေါ့။ နိုင်ငံခြားရောက် သူငယ်ချင်းတွေလည်း နီးစပ်ရာ စုစည်းပြီး ပို့ပေးကြပါဦးလို့.............
၁၉၉၁ မှ ၁၉၉၄ ကသူငယ်ချင်းတွေဆိုတာ
- ၁၉၉၁မှာ စတင်အတူတူကျောင်းတက်ခဲ့ကြသူတွေဖြစ်မယ်။
- ၁၉၉၄မှာ အတူတူကျောင်းပြီးခဲ့ကြသူတွေလည်းဖြစ်မယ်။
- ၁၉၉၁မှာ အတူတူတက်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် အတန်းနောက်ကျကျန်ခဲ့သူတွေလည်းပါ ပါမယ်။
- ၁၉၉၁မှာမှမဟုတ်ဘဲ ရှေ့အတန်းတွေကနေ အကြောင်းအမျိုးမျိုးကြောင့် အတန်းနောက်ကျကျန် ခဲ့သူတွေလည်းပါ ပါမယ်။
- ဂုဏ်ထူးတန်း၊ ပါရဂူတန်း တက်ကြတဲ့ တက်နေဆဲ သူငယ်ချင်းတွေ လည်းပါမယ်။
- ၁၉၉၁-၁၉၉၄ အတွင်း တစ်နှစ်နှစ်မှာ ဆုံခဲ့ကြတဲ့သူတွေအားလုံးပါ ပါတယ်။
Format ကိုတော့ ဒါတွေပါအောင် စီစဉ်ထားပါတယ်။
၁။ နာမည်
၂။ အလုပ်အကိုင်
၃။ နေရပ်လိပ်စာ
၎။ e-mail လိပ်စာ
၅။ တယ်လီဖုန်းနံပါတ်
ပထမဆုံးစီစဉ်တာမို့ လိုအပ်တာတွေ ကျန်ခဲ့တဲ့သူငယ်ချင်းတွေရှိနိုင်ပါတယ်၊ ကျန်ခဲ့ရင်လည်း အကြောင်းကြားပေးပါဦးလို့...

အကုန်လုံးဖတ်မယ်.....

Thursday 13 September 2007

သူငယ်ချင်းအားလုံးသို့...............

ဒီ blog မှာ 1991-1994 က ရန်ကုန်တက္ကသိုလ် Geology မှာ ဆုံခဲ့ကြတဲ့ သူငယ်ချင်းတွေ
ဘ၀အထွေထွေနဲ့ အဝေးတစ်နေရာဆီ ရောက်နေချိန်မှာ
တစ်ဦးနှင့်တစ်ဦး လွယ်လွယ်ကူကူဆက်သွယ်နိုင်အောင်၊
မိမိတို့ ခံစားချက် အတွေ့အကြုံလေးတွေမျှဝေနိုင်အောင်၊
ဆရာ/ဆရာမတွေနဲ့ သူငယ်ချင်း
အပေါင်းအသင်းတွေ သာရေးနာရေးအကြောင်းတွေ သိရှိကူညီနိုင်အောင်
ဒီ blog ကို ပြုလုပ်ထားခြင်းဖြစ်ပါတယ်။
တို့သူငယ်ချင်းတွေ ဘယ်နေရာကို ရောက်ရောက် ဒီ blog ကလေးကနေ တဆင့် ဆုံဆည်းကြမယ်နော်။
အခုမှ စတင်တဲ့ blog မို့ ဘယ်သူဘဲ ဖြစ်ဖြစ် ကူညီအကြံပေးနိုင်ပါတယ်။
မသိသေးတဲ့ သူငယ်ချင်းတွေကိုလည်း ထပ်ဆင့်အကြောင်းကြားပေးကြပါဦး လို့......................
အားလုံးပျော်ရွှင်နိုင်ကြပါစေ။

အကုန်လုံးဖတ်မယ်.....