၁၉၉၁-၁၉၉၄ ဘူမိဗေဒသူငယ်ချင်းများ၏ စတုတ္ထအကြိမ်မြောက် အာစရိယပူဇော်ပွဲကို ၂၀၁၂ ဇန်န၀ါရီလကုန်တွင် ကျင်းပမည်။ ...........

Saturday 26 July 2008

ဇူလိုင်လ အတွင်း MGS ၏ နည်းပညာဟောပြောပွဲ

မြန်မာဘူမိသိပ္ပံအသင်း MGS (Myanmar Geosciences Society) ဟာ နည်းပညာဆွေးနွေးပွဲများကို အခါအားလျော်စွာ ကျင်းပလာခဲ့ရာမှာ ၂၀၀၈ ခုနှစ်အတွင်း ခပ်စိပ်စိပ်ကလေးကျင်းပလာတာကို တွေ့ရပါတယ်။
အတွေ့အကြုံရှိ ဆရာ၊ဆရာမကြီးများ၏ စာတမ်းများကလည်း နည်းပညာ ဖြန့်ဝေမှုအတွက် အတွေ့အကြုံများစွာကို ပေးစွမ်းနိုင်သလို၊ မျိုးဆက်သစ် လူငယ်များရဲ့ လေ့လာတွေ့ရှိချက် စာတမ်းများကလည်း အနာဂတ် မြန်မာဘူမိသိပ္ပံနည်းပညာ တိုးတက်မှု အခန်းကဏ္ဍအတွက် အားတက်ဖွယ်ရာ တွေ့မြင်ရပါတယ်။
ဇူလိုင်လ၊ ၂၆ ရက်က မြန်မာဘူမိသိပ္ပံအသင်းရဲ့ နည်းပညာ ဟောပြောပွဲမှာတော့ စွမ်းအင်(စီမံကိန်း) မှ ညွှန်ချုပ်ဟောင်း ဦးစိုးမြင့်မှ Energy and Geopolitics-Myanmar ဆိုတဲ့စာတမ်းကို ဖတ်ကြားသွားတယ်လို့ သိရပါတယ်။
မြန်မာဘူမိသိပ္ပံအသင်းမှ နည်းပညာစာတမ်းဖတ်ပွဲများမှသည် နိုင်ငံတကာစာတမ်း ဖတ်ပွဲများဆီသို့ ပွင့်လင်းစွာချိတ်ဆက်နိုင်မည့် နေရက်များအား မကြာမီ မြင်တွေ့နိုင် မည်ဟု ယူဆရပါသည်။

အကုန်လုံးဖတ်မယ်.....

Sunday 20 July 2008

မြန်မာဘူမိသိပ္ပံ (MGS) ၏ သဘာဝဘေးအန္တရာယ် ကူညီစောင့်ရှောက်ရေးအသင်း (NCRD) ၏ ဒုတိယအကြိမ်မြောက် ခရီးစဉ်






မြန်မာဘူမိသိပ္ပံ (MGS) ၏ သဘာဝဘေးအန္တရာယ် ကူညီစောင့်ရှောက်ရေးအသင်း (NCRD) ဟာ ဒုတိယအကြိမ်မြောက် ခရီးစဉ်အဖြစ် ဇွန်လ (၁၃)နေ့က မော်လမြိုင်ကျွန်းသို့ ရေကြောင်းခရီးဖြင့် သွားရောက်ခဲ့ပြီး သက်ကြီးရွယ်အိုများနဲ့ မိဘမဲ့ကလေးငယ်များ၏ လိုအပ်ချက်များကို ဖေးမ၊ ကူညီဆောက်ရွက်ပေးရန် ရည်ရွယ်ထားသည့် အတိုင်း မော်လမြိုင်ကျွန်းရှိ ချမ်းမြေ့ဘိုဘွားရိပ်သာသို့ လှုဒါန်းမှုငွေများ၊ စောင်၊ ခြင်ထောင်နှင့် အခြားလိုအပ်သည့် ပစ္စည်းများကို ထပ်မံ လှုဒါန်းခဲ့ကြောင်း သိရှိရပါသည်။ မကြာခင်မှာလည်း ရန်ကုန်ရှိ အလှုရှင်တစ်ဦးမှ လှုဒါန်းသည့် ရေရရှိရေးအတွက် အ၀ီဇိတွင်းဖြစ်မြောက်အောင် အမြန်ဆုံးတူးဖော် ဆောင်ရွက်မည်ဟုလည်းသိရှိရပါသည်။

CNDR ကော်မတီသည် ဇေယျသီရိ သီလရှင်ပရိယတ္တိ စာသင်တိုက်သို့ ထပ်မံဝင်ရောက်ခဲ့ပြီး ထပ်မံလှုဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါစာသင်တိုက်၏ အခမဲ့မူလတန်းကျောင်းတွင် မိန်းကလေးငယ် (၄၀)၊ သီလရှင်ငယ် (၁၁)ပါးနှင့် နာဂစ်မုန်တိုင်းဒဏ်ကြောင့် မိဘမဲ့ခဲ့ရသော ခလေးငယ် (၅)ဦးတို့အား လက်ခံထားရှိ သင်ကြားလျက်ရှိပါသည်။ အဆိုပါစာသင်တိုက်အတွက် ပံပိုးမှုများစွာ လိုအပ်လျက် ရှိကြောင်းလည်း သိရှိရပါသည်။

အကုန်လုံးဖတ်မယ်.....

Friday 11 July 2008

သူငယ်ချင်းတွေ မယုံမိကြပါနဲ့


IF U RECEIVED E- MAIL FROM
"AYE THANDA BO"

ayethandabo@yahoo.com.sg

DO NOT BELIEVE THAT!!!!

SHE NEVER GO TO NIGERIA
HER E-MAIL WAS HACKED BY SOMEONE FROM ONLINE,
UNFORTUNATELY SHE GIVE HER BIO DATA AND E-MAIL PASSWORD TO THAT HACKER.
SO TAKE CARE, DON'T GIVE YOUR E-MAIL PASSWORD TO OTHER.

THIS E-MAIL IS BLACK LIST

DELETE FROM YOUR CONTACT LIST!!!

ayethandabo@yahoo.com.sg

Aye Thanda Bo will make her new e-mail and she will inform us later.

THANKS
Geolfriends94

မနက်မိုးလင်းလို့ mail စစ်ကြည့်လိုက်တော့ သူငယ်ချင်း အေးသန္တာဗိုလ်ဆီက mail ရောက်လာလို့ ဖွင့်ကြည့်လိုက်မိပါတယ်။ Geolfriends94 ဆီတင်မဟုတ်ဘဲ သူငယ်ချင်းတွေ အားလုံးအပြင် အခြားမသိတဲ့ mail တွေပါ ပါလာတော့ ထူးခြားတယ်လို့လည်း ထင်မိပါတယ်။ ဒီအချိန်မှာ တနယ်မြေခြားဆီရောက်နေတဲ့ သူငယ်ချင်းတွေဆီက အမျိုးမျိုးသောမှတ်ချက်တွေနဲ့ စိတ်ပူနေမိကြပါတယ်။ ရရှိတဲ့ mail ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

I am in hurry writting this mail to you, I had travelled to NIGERIA yesterday
for official purposes yesterday, Unfortunately for me all my money was stolen
at the hotel where i lodged, I am so confused right now, I dont know what to do
or where to go,I didnt bring my phone here and the hotel telephone line's
was disconnected during the robbery incident,so i have access to only emails.

Please can you send me $3500 today so i can return home, As soon as i get
home i would refund it immediately.it will be best if you send it to me via
westernunion which i think is the fastest.here is the information you need in
sending the funds;

Name.....Aye Thanda Bo
Address...49 Gloucester Place, .
City... Lagos
Zip Code...23401
Country... Nigeria.
Test Question:For Who
Test Anwser:Aye Thanda Bo

Please keep this to your self only please!!.Once you have sent the funds please
get back to me with all necessary details on the westerunion reciept.

Thank you with my best regards.
Mrs. Aye Thanda Bo

သူငယ်ချင်းတွေကတော့
- အေးသန္တာဗိုလ် သည် NIGERIA ကို company ကိစ္စဖြင့်သွားသည်။ ဒါကြောင့် company အဆက်အသွယ်တွေထံမှ အကူအညီ ဘာကြောင့်မတောင်းဘဲ အခုလို အဝေးက လူတွေဆီ mail ပို့ရပါသလဲ။
- သူမ အမျိုးသားထံ ဘာကြောင့် ဖုန်းမဆက်နိုင်သလဲ။
သို့လော သို့လောနဲ့ ဒီ mail ဟာ ထူးခြားတယ်၊ အတုဖြစ်နိုင်တယ် အစရှိသဖြင့် ဝေေ၀၀ါးဝါးဖြစ်ခဲ့၊ မှတ်ချက်တွေချမိခဲ့ကြပါတယ်။
နောက်ဆုံး သူငယ်ချင်းတွေနဲ့ အမျိုးမျိုးဆွေးနွေးပြီးတဲ့နောက် သူငယ်ချင်းအေးသန္တာဗိုလ် ဖုန်းနံပါတ်ကို ရှာဖွေပြီး ဖုန်းဆက်လိုက်တော့မှ အဖြစ်မှန်ကို သိလိုက်ရပါတယ်။ သူမကလည်း geolfriends94 နဲ့သူငယ်ချင်းတွေဆီကို ဖြေရှင်းချက် mail ကို အခုလို ပြန်ပိုခဲ့ပါတယ်။
DEAR ALL,
PLEASE FORWARD MY EMAIL TO EVERYBODY. PLEASE ANNOUNCE IT IN GEOLFRIENDS94.
LAST 3 DAYS, SOMEONE SENT ME AN EMAIL TO ayethandabo@yahoo.com.sg. HE/SHE SAID " HE IS FROM YAHOO TEAM. HE/SHE WANTS TO DELETE ALL YAHOO EMAILS THAT ARE NOT ACTIVELY USED. HE/SHE ASKED ME TO REPLY HIS EMAIL BY GIVING MY YAHOO! ID, PASSWORD, DATE OF BIRTH AND COUNTRY. IF I DID NOT REPLY IT, MY EMAIL IS NOT ACTIVE. HE/SHE WILL DELETE MY YAHOO ACCOUNT.
I DO NOT WANT MY EMAIL TO BE DELETED. SO I GAVE HIM/ HER AN INFORMATION THAT HE ASKED.
HE/SHE CHANGED MY YAHOO PASSWORD AND HE/SHE SENT AN EMAIL TO ALL MY FRIENDS' EMAILS IN MY ADDRESS BOOK. SOME FRIENDS TELEPHONED AND TOLD ME THAT HE/SHE ASKED TO SEND USD 3500. HE/SHE WROTE A STORY - I AM IN NIGERIA. I LOST MY MONEY.
UNTIL NOW I HAVE NOT READ THAT EMAIL SENT BY THAT GUY. PLEASE FORWARD IT TO ME IF YOU ARE FREE.
I CANNOT SIGN INTO MY YAHOO ACCOUNT BECAUSE SOMEONE CHANGED MY YAHOO PASSWORD.
I HAVE INFORMED THIS CASE TO YAHOO TEAM'S EMAIL SHOWN IN YAHOO PRIVACY - mail-spoof@cc.yahoo-inc.com.
IF SOMEONE SENT EMAILS BY USING ayethandabo@yahoo.com.sg, PLEASE IGNORE IT OR PLEASE REPLY TO HIM/HER " YOU TELEPHONED AND TALKED TO ME ABOUT THIS CASE. YOU KNEW THAT THOSE EMAILS WERE SENT BY SOMEONE WHO STOLE MY YAHOO! EMAIL ACCOUNT.
MANY THANKS,
THANDA BO

အခုတော့ အားလုံးရှင်းရှင်းလင်းလင်း သိခဲ့ကြရပါပြီ။ ဒါကြောင့်မို့လို့ သူငယ်ချင်းတွေအားလုံးလည်း အခုလို online မှာ ၀င်ရောက်နေကြရင်း လိမ်ညာမှုတွေကို မယုံမိကြစေဖို့၊ မိမိတို့ သုံးနေတဲ့ email password တွေ၊ ကိုယ်ရေးရာဇ၀င် တွေကို မိမိမသိသေးတဲ့လူတွေ၊ သိထားတဲ့လူတွေ ဘယ်သူကိုမဆို မပေးမိကြစေဖို့ သတိထားကြပါလို့ နိုးဆော်လိုက်ပါတယ်။ တကယ်လို့ ထူးခြားတယ်ထင်တဲ့ mail မျိုးတွေ၊ attachement တွေဆိုရင် မဖွင့်မိကြပါစေနဲ့။ virus တွေလည်း ပါလာနိုင်တာမို့ ပြသနာတွေ မျိုးစုံဖြစ်နိုင်ပါတယ်လို့ ထပ်မံအသိပေးလိုက်ပါတယ်။

DELETE FROM YOUR CONTACT LIST!!!
ayethandabo@yahoo.com.sg

THIS E-MAIL IS BLACK LIST
mail-spoof@cc.yahoo-inc.com

အကုန်လုံးဖတ်မယ်.....

Thursday 10 July 2008

NARGIS ကယ်ဆယ်ရေးလုပ်ငန်းများ ရေရှည်ဆောင်ရွက်မည့် မြန်မာ့ဘူမိသိပ္ပံအသင်း

Nargis အလွန်မှာ မြန်မာနိုင်ငံဘူမိဗေဒ ကျောင်းသားဟောင်းများ စုစည်းအားထုတ်မှုနဲ့ ဖြစ်ပေါ်လာတဲ့ မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း၏ သဘာဝဘေးအန္တရာယ် ကူညီစောင့်ရှောက်ရေး ကော်မတီဟာ Nargis ဒဏ်ခံရသော ဒေသများအတွက် ကယ်ဆယ်ရေးလုပ်ငန်းများကို ရေရှည်ဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်းသိရှိရသည်။
ကော်မတီ ဥက္ကဌ ဦးအေးလွင်က ပြောကြားရာတွင် မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း၏ လမ်းညွှန်မှု အောက်မှာ ဦးတည်ချက် (၃)ရပ်နဲ့ ရေရှည်လုပ်ကိုင်သွားမှာဖြစ်ကြောင်း။
ပထမဦးတည်ချက်အနေဖြင့် သက်ကြီးရွယ်အိုများကို ကူညီထောက်ပံ့နိုင်ရေးပါ။
သက်ကြီးရွယ်အိုများ၏ စာရင်းကို ရနိုင်သလောက်ကွင်းဆင်း ကောက်ယူပြီး လိုအပ်ချက်များကို ပံ့ပိုးကူညီသွားပါမယ်။ ယခုလောလောဆယ် ဖျာပုံမြို့နယ် ကနိကျေးရွာမှ အဘိုး၊ အဘွား (၆)ယောက်နဲ့ အချာကျေးရွာမှ (၁၁)ယောက်အား အစားအစာများနှင့် ကျန်းမာရေးအတွက် လိုအပ်မည့် ကုန်ကျစရိတ်များကို တစ်နှစ်စာ လှုဒါန်းနိုင်ခဲ့ပါတယ်၊ ထို့အပြင် မော်ကျွန်းဘက်မှ အဘိုး၊ အဘွားများကိုလည်း လိုအပ်သလို ဘိုးဘွားရိပ်သာများသို့ ပို့ဆောင်ပေးနိုင်ရန် စီစဉ်လျက်ရှိပြီး၊ ဒေသတွင်းသာ နေထိုင်လိုသော ဘိုးဘွားများ အတွက်လည်း ရပ်မိ၊ ရပ်ဖများနှင့် ညှိနှိုင်းတိုင်ပင်ပြီး တန်ဖိုးနည်း အိမ်ရာများ ဆောက်လုပ်ကာ အခြေအနေ အတိုင်းအတာ တစ်ခုအထိ အဆင်ပြေအောင် ဆောင်ရွက်ပေးသွားပါမည်။
ဒုတိယဦးတည်ချက်အနေဖြင့် မိဘမဲ့ ကလေးသူငယ်များကို ကူညီထောက်ပံ့နိုင်ရေးပါ။
ခိုကိုးရာမဲ့ မိဘမဲ့ ကလေးသူငယ်များကို လှုမှုဝန်ထမ်းကနေ အသစ်ဖွင့်လှစ်ထားတဲ့ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ (သို့) ရှိပြီးသား ပရဟိတဂေဟာများကို ပို့ဆောင်ပေးပါမယ်။
အခုလောလောဆယ် ဖျာပုံမြို့နယ် ကနိကျေးရွာမှ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာမှာ ကလေးငယ်ပေါင်း (၇၀)ခန့်ရှိပါတယ်။ နောက်ထပ် ကလေးငယ်ပေါင်း (၅၀)ခန့်ထပ်မံ လက်ခံနိုင်မယ် လို့သိရပါတယ်။ အဆိုပါ ထပ်မံတိုးပွါးလာမယ့် ကလေးငယ်များအတွက် တစ်နှစ်စာ စားသောက်စရိတ်၊ ဗလာစာအုပ် ဒါဇင် (၆၀)နဲ့ လိုအပ်တဲ့ စောင်၊ ခြင်ထောင်တွေ ထောက်ပံ့ပေးခဲ့ပါတယ်။ အချာကျေးရွာမှာတော့ ယာယီရွက်ဖျင်တဲထိုးပြီး စာသင်ကြားနေရတဲ့ ကလေးငယ်ပေါင်း (၁၀၀)အတွက် ဗလာစာအုပ် ဒါဇင် (၁၀၀) လှုဒါန်းခဲ့ပါတယ်။
ကလေးငယ်များအား ရေရှည် လိုအပ်ချက်များကို ပံ့ပိုးသွားနိုင်ရန်နှင့် (၁၀)တန်းအောင်၍ တက္ကသိုလ်တက်မည့် ကလေးငယ်များအတွက်လည်း ဆက်လက်ပညာသင်ကြားနိုင်ရန် ကူညီ ပေးသွားပါမည်။
တတိယဦးတည်ချက်အနေဖြင့် မြေအောက်ရေနှင့် ရေကောင်းရေသန့်ရရှိရေးပါ။
Nargis ဒဏ်ခံခဲ့ရတဲ့ ဒေသများရှိ ကျေးရွာတွေမှာ မြေအောက်ရေရရှိရေးနဲ့ ရေကောင်း၊ရေသန့် ရရှိရေးကို ဘူမိဗေဒပညာရပ်တွေသုံးပြီး ကူညီပံ့ပိုးပေးဖို့ လုပ်ငန်း၊စီမံချက်တွေ ရေးဆွဲ ထားပါတယ်။
ကော်မတီဥက္ကဌ ဦးအေးလွင်က ဆက်လက်ပြောကြားရာမှာ ဘူမိဗေဒ ကျောင်းသားဟောင်း တစ်ဦးမှ နေအိမ် (၄) (၅)လုံး တည်ဆောက် လှုဒါန်းရန် ကမ်းလှမ်းထားကြောင်း။ ဂျပန်နိုင်ငံ ဆိုင်တမတက္ကသိုလ်မှ မြန်မာကျောင်းသားများပေးပို့ လှုဒါန်းသည့် ပထမဆုံး အ၀တ်အစား ကွန်တိန်နာမှာလည်း ရောက်ရှိလာတော့မှာ ဖြစ်ကြောင်း။ ရေတုံကင်စက်များ၊ လယ်ထွန်စက်များ လှုဒါန်းရန်လည်း ကမ်းလှမ်းထားကြကြောင်း၊ လှုဒါန်းထားသည့် ဆေးရုံသုံးပစ္စည်းများလည်း မကြာမီ ရောက်ရှိလာမည်ဖြစ်ကြောင်းနှင့် ရောက်ရှိလာပါက ရပ်ရွာတိုက်နယ်ဆေးရုံများ၊ မြို့နယ်ဆေးရုံများသို့ ပံ့ပိုးပေးမည် ဟုဆိုပါသည်။
ထို့အပြင် မြန်မာဘူမိသိပ္ပံအသင်းအနေဖြင့် မုန်တိုင်းဒဏ်ခံနိုင်သည့် Cyclone Shelter များတည်ဆောက်ပေးနိုင်ရန်လည်း ရည်ရွယ်လျက်ရှိပြီး၊ ထပ်မံ၍ ဤကဲ့သို့သော ဘေးအန္တရယ်မျိုး ထပ်မံ မကြုံတွေ့နိုင်ရန်နှင့် မည်သူမဆို ခုခံကာကွယ်သွားနိုင်ရန် အတွက် ဘူမိဗေဒပညာရပ်ကိုအခြေခံ၍ လိုအပ်သည်များကို ဆောင်ရွက်သွားမည်ဟုလည်း သိရှိ ရပါသည်။
ယခုကဲ့သို့ ဆောင်ရွက်နိုင်မှုများသည် ပြည်တွင်း၊ ပြည်ပ ဘူမိဗေဒပညာရှင်တွေ၊ လုပ်ငန်းရှင်တွေနဲ့ ဘူမိဗေဒ မိသားစုနဲ့ ပါတ်သက်တဲ့ အသိုင်းအ၀ိုင်းက စေတနာရှင်တွေရဲ့ စုပေါင်းပါဝင် လှုဒါန်းမှုများ၊ လှုပ်ရှားမှုများကြောင့်ဖြစ်ပါတယ်။ ဒီလို စုစည်းမှု အင်အားနဲ့ Nargis ဒဏ်ခံရသော ဒေသများအတွက် နေထိုင် စားသောက်ရေးတွေကို ရေရှည် ပံ့ပိုးဆောင်ရွက် သွားမယ်လို့ သိရှိရပါသည်။

အကုန်လုံးဖတ်မယ်.....

Wednesday 9 July 2008

NARGIS ဘေးဒဏ်အတွက် ဂျပန်ရောက် ဘူမိဗေဒကျောင်းသားဟောင်း တစ်ဦး၏ လှုဒါန်းမှု

အချိန်တိုအတွင်းမှာ အရှိန်အဟုန်ကောင်းကောင်းနဲ့ လှုပ်ရှား၊ လှုဒါန်းမှုများပြုလုပ်နေတဲ့ မြန်မာဘူမိသိပ္ပံ သဘာဝဘေးအန္တရယ် ကူညီစောင့်ရှောက်ရေးအသင်း (CNDR) မှ အသင်းအကြံပေး အဖွဲ့ဝင် ဆရာကြီးများ၊ အသင်းအလုပ်အမှုဆောင် အဖွဲ့ဝင်များ၏ တွေ့ဆုံ ဆွေးနွေးပွဲကို ဇူလိုင် (၈)၊ ၂၀၀၈ က မြန်မာဘူမိသိပ္ပံအသင်း ရုံးခန်းတည်ရှိရာ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း အဆောက်အဦမှာ ကျင်းပခဲ့ကြောင်းသိရှိရပါသည်။

ထို့အပြင် Nargis မုန်တိုင်းအလွန် မေလ (၁၀)ရက်၊ ၂၀၀၈တွင် ကွယ်လွန်သွားပြီဖြစ်တဲ့ ချစ်လှစွာသော ဇနီးအား ရည်စူး၍ ဂျပန်နိုင်ငံရှိ တိုကျိုတက္ကသိုလ်နိုင်ငံခြားဘာသာဌာနတွင် ပညာသင်ကြားနေသော ဦးညွန့်ရွှေ (1971 geology batch) နှင့် ရန်ကုန်ရှိ သမီးများက Nargis ဒဏ်ခံရသော ဒေသများအား ကူညီထောက်ပံ့နိုင်ရန်အတွက် ငွေကျပ် (၅)သိန်းတိတိကို မြန်မာဘူမိသိပ္ပံအသင်း (MGS) လက်အောက်ရှိ မြန်မာဘူမိသိပ္ပံ သဘာဝဘေးအန္တရယ် ကူညီစောင့်ရှောက်ရေးအသင်းသို့ ပေးအပ်လှုဒါန်းရာ အသင်း၏အကြံပေးအဖွဲ့ဝင်၊ မြန်မာဘူမိသိပ္ပံအသင်း (MGS) ၏ ဥက္ကဌ ဒေါက်တာဝင်းဆွေ၊ ဆရာကြီး ဒေါက်တာဦးသိန်း နှင့် ကော်မတီအဖွဲ့ဝင်များမှ လက်ခံရယူပြီး ဆရာကြီး ဒေါက်တာဝင်းဆွေမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
မြန်မာဘူမိသိပ္ပံအသင်း (MGS) ၏ website မှ တဆင့် ကမ္ဘာတ၀ှမ်းရှိ ဘူမိဗေဒ ကျောင်းဆင်းများသည် အသင်း၏လှုပ်ရှားမှုများနှင့် အခြားသတင်း အချက်အလက်များကို အချိန်တိုအတွင်းသိရှိရပြီး ဆက်သွယ်လှုဒါန်းမှုများကို ပြုလုပ်လျက်ရှိကြကြောင်း သိရှိရပါသည်။ မြန်မာဘူမိသိပ္ပံအသင်း၏ website လိပ်စာမှာ http://www.myanmargeosciences.org ဖြစ်ပါသည်။

ဦးညွန့်ရွှေနှင့် သမီးများ၏ NARGIS ဘေးဒဏ်အတွက် ကူညီလှုဒါန်းမှုအား မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။


အကုန်လုံးဖတ်မယ်.....

Tuesday 8 July 2008

လူလား မြောက် ခြင်း

မိန်းမ တန်မဲ့..ဆံပင် တို တွေ ကို..ဖြစ်သလို သပ် တင် ထားတဲ့...သူ့မျက် နှာ က..ရဲတွတ် လို့..။ မျက်လုံး တွေက..မို့မို့အစ် အစ်..။ ခဏ နေ တော့.. ရှပ် အကျီ င်္ အိပ် ကပ် ထဲက.. ကားသော့ ကို.. ထုတ် ပြီး.. အရှေ့က.. ကျောက်ခုံ ပေါ် မှာ..တဂျစ် ဂျစ် ..ပွတ် တိုက် ရင်း..

` ငါ တော့..ညက..အိမ် မှာ တယောက်တည်း..အဖေ့ ဘရန်ဒီ တွေ ယူသောက် ပြီး..မူး ပစ် လိုက် တယ်..ငါ မေ့ထား ချင်တယ်..ငါ..ခဏ လောက် ကလေး..ဘာမှ မသိ ပဲ နေ ချင် တယ်ဟာ..´
အဲဒီ နေ့က..၀ိဇ္ဖါ ခန်းမ ရှေ့က..ကံ့ကော် တွေ.. အုံးအုံး ကြွက် ကြွက် ပွင့် နေ တဲ့ အချိန် ပေါ့။ ပန်းခူး တဲ့ သူတွေ တောင်..မနိုင် တော့ လို့.. မြေကြီး ပေါ် မှာ.. ကျောက်ခုံ လေး တွေ ပေါ် မှာ.. ကျဲ ပြန့် လို့ ..မွှေးမြ လို့။ ကျောက်ခုံ ပေါ် ကို ၀ဲကျ လာတဲ့..ကံ့ကော်တပွင့် ရဲ့ ၀တ် ဆံ လေး တွေ ကို.. ဦးတည် ရာ မဲ့ ဆွဲ ဖြုတ် နေ မိ ရင်း ..သူငယ် ချင်း မ ရဲ့..ရင်ဖွင့် သံ တွေ ကို..သူ ဘယ်လို အားပေး ရ မလဲ ....။
ကိုယ် တိုင်က..နားလည်..ခံစား ပေး လို့.. မရ နိုင် သေး ချိန်။ သူ အသဲကွဲ လို့..ကိုယ် နားထောင် ပေး မိ တာ သက် သက် ပဲ..။ သူ့ချစ်သူ ဆိုတာ က..ရုပ်က ခပ်ဖြောင့်ဖြောင့်..ဘာသာ ရပ် ခြင်း..တူတူ.. တတန်းပဲ ကြီး သည်။ ခုတော့..ကျောင်းပြီးလို့.. အိုတီအက်စ် ၀င်ဖြေ ရင်း.. သင်တန်း ပင် မဆင်းသေး.. အပွင့် ကြိုက်သူ..ဆရာဝန် လောင်းမ တယောက် နဲ့ ချိတ်သွား သည်တဲ့။ သူငယ်ချင်း ရဲ့ လက်ကို ခပ်တင်း တင်း ဆုပ် လိုက် ရင်း..ထားလိုက်စမ်းပါဟာ.. အခွင့်အရေး သမား..ဖြတ်လမ်းလိုက်.. သူတို့ဟာ သူတို့ ဂုဏ်ရှိ တယ် ထင် နေတာ.. ဂုဏ်ချင်းထပ်တယ် ထင်နေတာ.. ဘာ မှ ဖြစ် မနေ နဲ့..။ ဒီစကား တွေ က..သူ့ရင် ကို ပိုတောင် နာ ကျင် စေ မလား .. မသိခဲ့ ပေ။
တလ လောက် နေ တော့ လည်း.. နှစ် ယောက် သား..ပျော် ပျော် ရွှင် ရွှင် ပဲ.. IFL ည နေ ပိုင်း သင် တန်း တွေ..ပြန် တက် ဖြစ် ကြ သည်။ နိုင်ငံခြား ကျောင်း ဘွဲ့လွန် လျှောက် ဖို့ ကိစ္စ တွေ..အတူတူ လုပ် ကြ သည်။ ထောက် ခံစာ တွေ ပြေး လုပ် လိုက်..အမှတ် စာရင်းတွေ ထုတ် ရင်း..ကွန်ဗိုကေးရှင်း ကြီး ပေါ် ကို ..တက်လိုက်..ဆင်းလိုက်..။ ညဖက် မှောင် ရင်..သူ့ ပါဘလစ်ကာ လေး နဲ့..အိမ် ကို အမြဲ လိုက် ပို့ လို့...လက် ဆောင် ၀ယ်ပေး မယ် လုပ် တော့..` ဟေ့အေး..ငါ့ကို နင် ဘာမှ ၀ယ် ပေး စရာ မလို ဘူး.. အဲဒီ အတွက်..နင် နောက်တယောက် ကို ..ထပ် ကူ ညီ လိုက် ပါ လို့ပဲ တောင်း မယ် ဟာ..´ တဲ့။ အမယ် မယ်..တယ် ပြော တတ် နေပါလား.. ဘယ်က စကား တွေ လည်း ဆို တော့...` ဟီး..chicken soup ထဲက...´ တဲ့။ ဟုတ် လည်း ဟုတ် တဲ့ မိန်းမ။
တည နေ.. သင် တန်း အဆင်း မှာ..ညစာ ကျွေး မယ် ဆို ပြီး..ဆိုင် တဆိုင် မှာ ဆုံ ကြတယ်။ ပြီး တော့..အသားဖြူ ဖြူ လူပုံသန့်သန့်လူ တယောက် နဲ့ မိတ် ဆက်ပေးတယ်။ သူ့ချစ် သူ အသစ် တဲ့။ ဟိုက် ရှား... အဲဒါ ကြောင့်..သူငယ် ချင်း တွေ ကြား ထဲ မှာ..အမြဲ နောက်လေ့ ရှိတာ။ ` နင်ကလေ..ဟ၀ှါ သာ မဖြစ်တာ..ဟ၀ှါ တော့..တော် တော် ဖြစ် တယ်..´ လို့ ပြော ရင်..ယောက်ကျား သံ ကြီး နဲ့..တဟားဟား အော် ရယ် လေ့ ရှိ တဲ့..သူငယ် ချင်း မ။
` ငါတော့..ကျောင်း ရ ရင် ရ..မရ ရင်..အမေရိ က ကို..ထွက် တော့မယ်´
လို့သူ ပြော လာတော့.. သူ့ ချစ်သူ အသစ် က..အမေရိက မှာ..ညီအကို မောင်နှ မတွေ ရှိလို့..ထွက် မလို့..ကြိုးစား နေ ရင်း..သူ့ကို လည်း ခေါ် သွား မယ် ဆိုတာ..နား လည် လိုက် တယ်။ နောက် ပိုင်း ..ညနေ ပိုင်း အတန်း တွေ..သူ ပုံ မှန် ရောက် မလာ တော့ဘူး။
ဒီကြား ထဲ.. ၂ ယောက် အတူ တူ လျှောက် ကြ တဲ့ ကျောင်းဝင် ခွင့် မှာ..သူ ပါ မလာ ခဲ့ဘူး။ တကယ် တော့..သူ လျှောက် တာနဲ့.. ကိုယ်လျှောက်တာ..ဘာသာ ခြင်း လည်း မတူ လို့ပါ။ သူက..သိပ် ညဏ် ကောင်း ပြီး..လက် တွေ့လည်း ကျသူ..အမြဲ ဖြတ် ဖြတ် လတ် လတ် နဲ့..လုပ် စရာ ရှိ တာကို..မြန်မြန် ဆန် ဆန် လုပ် လေ့ ရှိ သူ။
ဗမာ ပြည် က..ပထမ ဆုံး.. ခရီး ရှည် ထွက် တဲ့ နေ့က.. လေ ဆိပ် မှာ လိုက် ပို့တဲ့..သူငယ် ချင်း ၃ ယောက် နဲ့အတူ..သူ့ ပုံစံ က..အားပေး မူ တွေ အပြည့်...။ လက် တွေ ကို ..လှိုက် လှိုက် လှဲ လှဲ ဆုပ် ကိုင် ရင်း..ကဲ သွားပေ ရော့ တဲ့။
သူ့ဆီက..မ မျှော်လင့် ပဲ ဖုန်း ၀င် လာ တော့....စာမေးပွဲ နဲ့ အလုပ် ရှုပ် နေ တဲ့ အချိန် ကြီး မှာ..။ `ဟေး..ငါ လေဆိပ် မှာ..transit ရောက် နေ ပြီ.. ဒီမှာ..ည ၁၀ နာရီ ထိ နေရ မှာ.. နင် လာတွေ့ဟာ..´။ အော်..သူ တကယ် ထွက် ဖြစ် ပြီ ပဲ။ စာမေးပွဲ လဲ ကိစ္စ မရှိ..ပြန် လာမှ..ပို လုပ် တော့ မည်.. ကျောင်းဝန်း နဲ့ လေဆိပ် က လည်း..နာရီ ၀က်လောက်သာ မို့..အပြေး တ ပိုင်း နဲ့ ရောက် သွား ပြန် သည် ။ သူက..မှာ သေးတယ်..ငါ့ဖို့..ကျွဲ ရိုင်း တဗူး နဲ့..မုန့် လဲ ၀ယ်ခဲ့နော် တဲ့။ တကယ်တော့.. ၂ ယောက် စလုံး.. တောသား ကြ တာလေ။ သူ့ transit က..ဗီဇာ မပါ တော့..အပြင် ထွက် မရ။ အဲဒီ အချိန် တွေက.. လက်ကိုင် ဖုန်း တွေ လည်း..လူတိုင်း တွင် တွင် ကျယ် ကျယ် မသုံး နိုင် သေး...။ ရောက် တဲ့ အတူ တော့..မထူး ပြီ။ ဘာ ရ မလဲ.. Information desk ကနေ ပြီး..အော်ခိုင်း တာပေါ့ ။ နောက် ပိုင်း ဖုန်း ဆက် ဖြစ် တော့..နှစ် ယောက်သား ပြော ပြီး..ရီ မိ ကြ တယ်။ ` ငါ..အိမ် သာ ထဲ ရောက် နေတုံး.. ငါ့ နံမယ် ကြီး..ကြေ ညာ သံ ကြား တာ..လန့်သွားတာပဲ..´ တဲ့။
အဲဒါ နဲ့.. သူလဲ..နေရာသစ် မှာ..ဘ၀ သစ် ကို.. ထူ ထောင် ရင်း..အဆက် အသွယ် တွေ ပြတ် သွား ကြ ပြန် ရော။ ၂ နှစ် လောက် နေ တော့.. စင်ကာပူ မှာ ရှိ တုန်း.. ထူးထူး ဆန်း ဆန်း..အီးမေးလ် နဲ့..သူ့သမီး လေး ပုံ လေး ပို့လာ တယ်။ သမီး လေး တောင် ..တော် တော် ရှိ နေ ပြီ ပဲ။ အဆက် အသွယ် ပြန် ရ ကြ တော့.. ထုံးစံ အတိုင်း..အားရ ပါး ရ လေသံ နဲ့ .. ` ငါ တို့ လည်း.. ရောက် ရောက် ချင်း..ကလေး ရ အောင် ယူ ကြ ရ တာဟဲ့.. ကလေး ကို ပြန် depend လုပ် လို့ ရ တယ်လေ..´ ။ သိပ် နား မလည် ပေမဲ့.. `ဘာပဲ ပြော ပြော..ကောင်း တာပေါ့ဟယ်´ လို့ ပြော ဖြစ် တယ်။
ပြီး တော့ ..သူ ပျောက် သွား ပြန် ရော တခါ..။ အီးမေးလ် တွေ ပို့ လည်း ပြန် မလာ..။ သူ ဆိုင် ဖွင့် နေ တယ် ဆို တာ သိ လို့.. ပိတ်ရက် မရှိ.. လုပ် နေ တယ် ဆို တာ သိလို့.. နား လည် ခွင့် လွှ တ်စွာ နဲ့ပဲ..ကဲ..နေပေါ့ဟာ..။ ခဏ ခဏ တော့..သတိ ရ ပြီး..ပြော မိ ကြတယ်။
ကဲ..ဒီ ရောက် ပြီး.. ၂ နှစ် လောက် ရှိ ..တရေး တမော ကြ မှ..ပေါ် လာ ပြန် ပြီ။ ဒီ တခါ လည်း.. ဘာမပြော..ညာ မပြော.. သူ့သားလေး ပုံ ..ပို့လိုက် ပြန် တယ်။ ဖုန်း နံပတ် တွေ ရ ကြ တော့..တယောက် တလှည့်.. ၄-၅ နှစ် စာ..အကြောင်း ကို..အတိုးချ ပြီး..ပြော လိုက်တာ.. ၃ ရက် လောက် နေ မှ..အရှိန် သေ သွားတယ်..။ သူ့မှာ..ဒီ သား လေး ကို.. ကျန်း မာရေး..အာမခံ က..အသက် မကျော် ခင်.. အမှီ ယူ လိုက် တာတဲ့..။ လာပြန်ပီ...။ သူ့မှာ..အချိန် ဇယား တွေက..အပြည့် ။ အမေရိ က က..ကျန်းမာရေး အာမခံ တွေ အကြောင်း..ရှင်း ပြ သေးတယ်..ခု..သူ ပေါင် ချိန် တွေ တက်လာ လို့.. အာမခံ ကြေး..ပိုပေး နေ ရ ကြောင်း.. ၀ိတ် လျှော့ နေ ရ ကြောင်း..။ ခု ဆို...ဆိုင်ခွဲ ၃ ခု ကို..လက် မလည် နိုင် အောင်..ဖြစ် နေ တယ်တဲ့ ။ အလုပ် သမား တွေ လည်း..သူပဲ ကြီး ကြပ် ရ တာ ဆို ပြီး..ညီး လဲ ညီး ...။ ဓါတ် ပုံ ထဲ မှာ တွေ့ ရ တဲ့.. သူ့ပုံ စံ ကတော့..တကယ့်ကို ဘာမှ မပြောင်းလဲ.. ဆံပင် တို ရှင်း ရှင်းလေး နဲ့..ရှပ် အကျီ င်္ နဲ့ ပဲ။ အား ရ ပါး ရ စကား ပြော ဟန် က လည်း..ဒီ အတိုင်း ပဲ။
သမီး လေး ရော..ဆို တော့.. အဘိုး အဘွား တွေ နဲ့ ..ရန်ကုန် ပို့ထား တာ.. ခု ဆို..၇ နှစ် သမီး တောင် ဖြစ် နေပီ တဲ့။ သူ ပြော ပြ မှ.. ဗမာ နိုင်ငံသား မဟုတ် တဲ့ ကလေး အတွက်..ပေး ရတဲ့ လူဝင်မူ ကုန်ကျ စရိတ် တွေ ကလည်း.. အံ သြ စရာ ပါလား...။ သူ့ အဖေ အမေ ကို လည်း.. ကွန် ဒို တလုံး ၀ယ်ပေး ထားတာ..ခု တော့..သူ့သမီး ကျောင်း ILBC နဲ့ နီး တဲ့ နား မှာ..လုံးချင်း တလုံး ထပ် ၀ယ် ပေး ထား ပြန် တယ်တဲ့... ကောင်း လိုက်တာ.. သူ့မိဘ တွေ တော့..သမီး ကြီး..အမိ ရာ ဆို သလို..တကယ် ကို.. မွေး ရကျိုးနပ် လိုက် တာ...။
`နင် တို့ ရော..အဲဒီ မှာ..အဆင် ပြေ လား..ငါ နင့်ကို အမြဲသတိ ရတယ်..လာလည် ချင် တယ်ဟာ.. ဆိုင် အလုပ် တွေကို..ဘယ်လို ထားခဲ့ ရမှန်း ကို မသိတာ..ဒီ နှစ် ထဲ တော့..သမီး ကို တွေ့ ရင်း.. ငါ့မိဘ တွေ နဲ့..အာရှ နိုင် ငံ တွေ..လည် ဖို့..စိတ်ကူး ထားတယ်..ငါ့ ညီမ တယောက် လည်း..ငါ ခေါ် ထားတာ..ဒီရောက် နေ ပြီ ဟဲ့... နင့် ဆီ ကို..တခါ တော့..ရောက် အောင် လာ မယ်ဟာ...´
ဖုန်း ချ သွား တော့.. ဘာ ရယ် မသိ.. သူ နဲ့ ကိုယ် နဲ့ ..ပြန် နီး လာ တာလား... ပို ဝေးသွား တာလား..။ ငူ တူ တူ အတွေး တွေ နဲ့ ပဲ..
သူငယ် ချင်း ရေ .. ငါ တို့ လည်း..အဆင် ပြေပါတယ်။ ဒါပေမဲ့..ငါ..နင်နဲ့ ပြန် တွေ့..စကား တွေ ပြောဖြစ် မှပဲ.. ငါ ဟာ..လူ လား မြောက် ပြီ လား ဆို တာ..သံသယ တွေ ၀င် လာ မိ တော့တယ်။
ဘာပဲ ပြော ပြော ကွာ...ကဲ.. ရော့...ဒီစာ ဟာ... ငါတို့ ၂ ယောက်..ပြန် အဆက် အသွယ် ရ ခြင်း အတွက်...နင့် မိ သား စု အတွက်.. ပြီး တော့..လူလား မမြောက် သေး တဲ့..ငါ့ အတွက်..

ချီးယားစ်


အကုန်လုံးဖတ်မယ်.....

မြန်မာဘူမိသိပ္ပံ သဘာဝဘေးအန္တရယ် ကူညီစောင့်ရှောက်ရေးအသင်း၏ ဆက်လက်လှုဒါန်းမှု

Nargis ဒဏ်ခံစားနေရတဲ့ ဒေသများမှာ ထိထိရောက်ရောက် လှုဒါန်းနိုင်ရေးအတွက် တက်ကြွစွာလှုပ်ရှားနေတဲ့ မြန်မာ့ဘူမိသိပ္ပံ သဘာဝဘေးအန္တရယ် ကူညီစောင့်ရှောက်ရေး အသင်းဟာ အသင်း၏အကြံပေးအဖွဲ့ဝင်၊ မြန်မာဘူမိသိပ္ပံအသင်း ဥက္ကဌ ဒေါက်တာဝင်းဆွေ ကိုယ်တိုင်ဦးဆောင်ပြီး မုန်တိုင်းသင့်ဒေသများသို့ သွားရောက်ခဲ့ရာမှာ ဖျာပုံခရိုင် ကနိကျေးရွာရှိ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာနှင့် အချာကျေးရွာရှိ စာသင်ကျောင်းများအတွက် လိုအပ်သည့် စာအုပ်စာတမ်းများနှင့် အသုံးအဆောင်များကို လှုဒါန်းခဲ့ပြီး၊ အဆိုပါ ကျေးရွာများရှိ သက်ကြီး၊ရွယ်အို ဘိုးဘွားများ အတွက်လည်း အ၀တ်အစား၊ အသုံးဝင်မည့် ပစ္စည်းများကို လှုဒါန်းနိုင်ခဲ့ကြကြောင်း သိရှိရပါသည်။
မှတ်တမ်းတင်ဓါတ်ပုံအချို့ကို မျှဝေ မုဒိတာပွားနိုင်ရန် ဖေါ်ပြလိုက်ပါတယ်။



အကုန်လုံးဖတ်မယ်.....