၁၉၉၁-၁၉၉၄ ဘူမိဗေဒသူငယ်ချင်းများ၏ စတုတ္ထအကြိမ်မြောက် အာစရိယပူဇော်ပွဲကို ၂၀၁၂ ဇန်န၀ါရီလကုန်တွင် ကျင်းပမည်။ ...........

Monday 15 September 2008

GEOLOGIST-MYANMAR WEB SITE

မြန်မာဘူမိသိပ္ပံအသင်း ၏ myanmargeosciences.org ပေါ်ထွက်လာပြီးနောက် ဘူမိဗေဒ (၁၉၈၁) ကျောင်းဆင်း တစ်ယောက်ရဲ့ geologist-myanmar.com ဆိုတဲ့ webpage တစ်ခု ထပ်မံပေါ်ထွက်လာပြန်ပါတယ်။ ဒီ siteကို စတင်တည်ထောင် သူကတော့ ကရင်ပြည်နယ်ကနေ ရန်ကုန်တက္ကသိုလ် ဘူမိဗေဒဘာသာရပ်ကို တက်ခဲ့သူတစ်ယောက်ဖြစ်ပြီး၊ ဘူမိဗေဒမျိုးဆက်လို့ ဆိုရလောက်အောင် သူ့၏ညီငယ်တစ်ယောက်ဟာလဲ ၁၉၈၇မှာ ဘူမိဗေဒနဲ့ကျောင်းပြီခဲ့တယ်လို့ ဆိုပါတယ်။
ထို့အပြင် ဘူမိဗေဒဘာသာရပ်ဖြင့် (၂၇)နှစ်ကြာ ဝေးကွာပြီး ပြင်ပစီးပွားရေးလုပ်ငန်းကို လုပ်ကိုင်နေသော်လဲ Geology ဌာနဖြစ်သောမန္တလေးဆောင်နှင့် နေခဲ့သော ဒဂုံဆောင်တို့ ကိုတော့မမေ့ခဲ့ပါ လို့ဆိုထားပါတယ်။
ဒီ website မှာ Geology ညီအကိုများလုပ်ကိုင်နေကြသော စီးပွာရေးလုပ်ငန်းများကို ကြေငြာပေးနေပြီး၊ အခြားမည်သူမဆိုလဲ ကြော်ငြာနိုင်ပါသည်။
Photo Album ဖြစ်မြောက်ရေးအတွက်
(က) ဆရာများအပါအ၀င် အုပ်စုပုံ
(ခ) Field ဆင်းသောဧရိယာထဲမှအမှတ်တရအုပ်စုပုံ
(ဂ) Field ဆင်းသောဧရိယာထဲမှအမှတ်တရပုံ များကိုပို့ပေးပို့နိုင်ကြပါသည်။
ဤနေရာတွင်ကျနော်တစ်ခုပြောချင်ပါသည်။ကျနော်ရန်ကုန်မှာကျောင်းတက်ခဲ့သောကြောင့် မန္တလေးနှင့်မကျွမ်းဝင်ပါ။ ကျနော်သိ ထားတာက ဆရာများမှာကျနော်တို့ ဌာနမှဆရာများသာ ဖြစ်သည်။ ဆရာအားလုံးအတူတူပါ။
သူငယ်ချင်းဟောင်းများ အားလုံး ဤ Website သို့ အလည်လာရင်း အဆက်အသွယ်များ ပြန်ရခဲ့ကြရင် ကျနော် ဤ Website ကို လုပ်ရကျိုးနပ်ပြီလို့ ဆိုချင်ပါသည်။
ဤ Website သည်ကျနော်၏Personal Website ဖြစ်သော်လည်းကျနော်ဘ၀၏ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့သော ရန်ကန်တက္ကသိုလ် ဘူမိဗေဒဌာနနှင့်လည်း ပတ်သက်နေပါသည်။ ထို့ ကြောင့် ဘူမိဗေဒဌာနကို ကိုယ်စားပြုသော website ဟု ခေါ်ရင်လည်းမမှားနိုင်ပါဟု website တည်ထောင်သူက ဆိုထားပါသည်။
ကျွန်တော်တို့ geolfriends 94 သူငယ်ချင်းများမှ အခုလို အသစ်ပေါ်ထွက်လာတဲ့ geologist-myanmar.com website အား ၀မ်းမြောက်ဂုဏ်ယူစွာ ကြိုဆိုလိုက်ပါသည် ခင်ဗျား။

အကုန်လုံးဖတ်မယ်.....

Tuesday 9 September 2008

MBR-MBRO တို့MGS မှတဆင့် ဆေးနှင့်ဆေးပစ္စည်းများလှုဒါန်း






အမေရိကန်နိုင်ငံမှ PROJECT CURE နဲ့ MYANMAR BURMA RELIEF ORGANIZATION (MBRO) တို့မှဒေါ်လာ သိန်း ဂဏန်းရှိ ဆေးနှင့် ဆေးပစ္စည်းများကို မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း (MGS) မှတစ်ဆင့် နာဂစ်မုန်တိုင်းဒဏ် ခံစားခဲ့ရသော ဒေသများအတွက် လှုဒါန်းနိုင်ရန် စက်တင်ဘာ (၁၃)ရက်နေ့တွင် ပေးပို့သွားမည် ဖြစ်ကြောင်းသိရှိရသည်။

အကုန်လုံးဖတ်မယ်.....