၁၉၉၁-၁၉၉၄ ဘူမိဗေဒသူငယ်ချင်းများ၏ စတုတ္ထအကြိမ်မြောက် အာစရိယပူဇော်ပွဲကို ၂၀၁၂ ဇန်န၀ါရီလကုန်တွင် ကျင်းပမည်။ ...........

Monday 14 June 2010

သူငယ်ချင်း မသန္တာသက်၏ ဖခင်ကွယ်လွန်

သူငယ်ချင်း မသန္တာသက်၏ ဖခင် ဒေါက်တာဦးအောင်သက် (၇၄နှစ်) သည် ဇွန်လ (၁၁) နံနက်ပိုင်းက ကျောက်ကပ်ရောဂါ ဖြင့် ကွယ်လွန်သွားကြောင်း ကြားသိရပါသဖြင့် သူငယ်ချင်း၏ မိသားစုနှင့်တကွ ထပ်တူထပ်မျှ ၀မ်းနည်းမိပါသည်။ သူငယ်ချင်း၏ ဖခင် ကောင်းရာသုဂတိလားပါစေကြောင်း ဆုတောင်းအပ်ပါသည်။

အကုန်လုံးဖတ်မယ်.....

Monday 5 April 2010

ကိုရဲစိုးမင်း၏ အမျိုးသမီး နာရေး

Geolfriends94 သူငယ်ချင်းများ ဆရာကန်တော့ပွဲအပြီးမှာ လူချင်းလည်း မဆုံဖြစ်ကြတော့ပြန်၊ ကိုယ့်ရုန်းကန်မှု အပူတွေနဲ့ အတူ ရှုပ်ထွေး၊ ပွေလီနေကြရပြန်ပါတယ်။ မည်သို့ပင် ဝေးကွာနေကြပေမယ့်လည်း တစ်ဦးနှင့်တစ်ဦး လိုအပ်ရင် လိုအပ်သလို အဆက်အသွယ်ကတော့ မပြတ်ကြပါ။ သတင်းစကားများ ပါးရင်း ကူညီရိုင်းပင်းမှုများ အပြည့်အ၀ ရှိနေကြပါတယ်။
ယခုနှစ်ဦး တတိယအကြိမ်မြောက်၊ သလင်းရတုအထိမ်းအမှတ် ဆရာကန်တော့ပွဲမှာ အဝေးရောက်၊ မအားလပ်နိုင်သည့် သူငယ်ချင်းများမှလွဲ၍ သူငယ်ချင်း တော်တော်များများ တက်ရောက်လာကြတာ တွေ့ရပါတယ်။ အဆိုပါ မတက်ရောက်နိုင်သည့် သူငယ်ချင်းများထဲမှ ကိုရဲစိုးမင်း(ပြည်) တစ်ယောက်ကတော့ သတင်းလည်းမကြား ပျောက်ချက်သားလည်း ကောင်းနေခဲ့ပါတယ်။ သီချင်းလည်းအဆိုကောင်းသည့် သူနှင့် သူ့အမျိုးသမီး နှစ်ယောက်စလုံး ပျော်ပျော်နေတတ်ပြီး၊ geolfriends94 သူငယ်ချင်းများနဲ့ အဖွဲ့ကျတတ်လေ့ ရှိပါတယ်။
ယခု ပျောက်ချက်သားကောင်းနေတဲ့ သူငယ်ချင်းတို့မိသားစု သတင်းကို ကိုအောင်သိန်း မှ မသူဇာ နောက် ကိုကျော်လင်းဦး ကတဆင့် geolfriends94 ဆီကို အသိပေးလာပါတယ်။ ၃၊ မတ်၊ ၂၀၁၀ ကတဲ့ ..........
“ရဲစိုးမင်း ရဲ့အမျိုးသမီးလေ တတိယမြောက် သားကလေးကို မွေးဖွားပြီး မီးတွင်းမှာ ဆုံးသွားတယ်။”
မယုံနိုင်စရာပါ။ ရန်ကုန်မြို့ကို စွန့်ခွာပြီး ဘ၀အတွက် ရေကြည်ရာမြက်နုရာမှာ ရုန်းကန်လှုပ်ရှားနေကြရင်း သူငယ်ချင်းရဲ့ အမျိုးသမီးတစ်ယောက် မုံရွာအနီးက ရွာတစ်ရွာမှာ ဆုံးပါးသွားခဲ့ပါတယ်။
ဒီသတင်းကို ကြားကြားခြင်း နီးစပ်ရာ သူငယ်ချင်းများမှ စုစည်း ရရှိလာတဲ့ ဂရုဏာ ကုသိုလ်ငွေကျပ် ၁၀၀၀၀၀ (တစ်သိန်း) တိတိကို သူငယ်ချင်းမသူဇာမှ ကိုရဲစိုးမင်းထံသို့ လွှဲပို့လိုက်ပြီလို့ သိရပါတယ်။
သူငယ်ချင်း ရဲစိုးမင်းတွင် ယခင် သား ၂ယောက်နှင့် ယခုမွေးဖွားလာသော သားငယ်တစ်ယောက် ဖြင့် စုစုပေါင်း သား ၃ယောက် ကျန်ရှိခဲ့ကြောင်း သိရပါတယ်။ သူငယ်ချင်း၏ ချစ်လှစွာသော အမျိုးသမီးတစ်ယောက် ကောင်းရာသုဂတိလားပါစေလို့ geolfriends94 သူငယ်ချင်းများမှ မိသားစုနှင့် ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲလျက် ဆုမွန်ကောင်းများ တောင်းအပ်ပါသည်။

အကုန်လုံးဖတ်မယ်.....

Wednesday 20 January 2010

Quartz Jubilee အထိမ်းအမှတ် ဆရာကန်တော့ပွဲ ဓါတ်ပုံများ

geolfriends94 သူငယ်ချင်းများရဲ့ Quartz Jubilee အထိမ်းအမှတ် တတိယအကြိမ်မြောက် ဆရာကန်တော့ပွဲကတော့ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါပြီ။ အခြေအနေ အကြောင်းကြောင်း ကြောင့် ဓါတ်ပုံရိုက်ကူးသူများထံမှ digital data များ မရရှိသေးတာမို့ သူငယ်ချင်း မယဉ်မင်းထွေးက ဓါတ်ပုံများကို စိတ်ရှည်လက်ရှည် scan လုပ်ရပါတယ်။ ဒါကြောင့်မို့လို့ အခုမှဘဲ အွန်လိုင်းပေါ်တင်နိုင်ပါတယ်။ scan လုပ်ပြီးသား ဓါတ်ပုံများကို geolfriends94 သို့ ပေးပို့ပေးသော ကိုကျော်လင်းဦးကိုလည်း ကျေးဇူးတင်ပါတယ်။ နောက်ထပ် video clips များကိုလည်း ရခဲ့လျှင် သူငယ်ချင်များ ကြည့်ရှုနိုင်ရန် တင်ပြပေးပါဦးမည်။
သူငယ်ချင်းများနှင့် ဆရာ၊ ဆရာမများ၏ တွေ့ဆုံ ပျော်ရွင်မှုများကို မတက်ရောက်၊ မတက်ဖြစ်ကြသော သူငယ်ချင်းများကို မုဒိတာပွားနိုင်ရန် ဓါတ်ပုံအယ်လ်ဘမ်ပြုလုပ်ထားပြီး ဖြစ်သောကြောင့် http://picasaweb.google.com မှတဆင့် မိမိတို့၏ gmail ဖြင့် login လုပ်ပြီး QUARTZ JUBILEE PHOTO သို့ ၀င်ရောက် ကြည့်ရှုနိုင်ပါသည်။ တစုတစည်းထဲ သိမ်းဆည်းကြည့်ရှုလိုသူများအတွက်လည်း ဤနေရာကို ကလစ်လုပ်၍ download လုပ်နိုင်ပါတယ်။
သူငယ်ချင်းများ ကျေနပ် ပျော်ရွင်နိုင်ကြမယ်လို့ ထင်ပါတယ်။

အကုန်လုံးဖတ်မယ်.....