၁၉၉၁-၁၉၉၄ ဘူမိဗေဒသူငယ်ချင်းများ၏ စတုတ္ထအကြိမ်မြောက် အာစရိယပူဇော်ပွဲကို ၂၀၁၂ ဇန်န၀ါရီလကုန်တွင် ကျင်းပမည်။ ...........

Wednesday 20 January 2010

Quartz Jubilee အထိမ်းအမှတ် ဆရာကန်တော့ပွဲ ဓါတ်ပုံများ

geolfriends94 သူငယ်ချင်းများရဲ့ Quartz Jubilee အထိမ်းအမှတ် တတိယအကြိမ်မြောက် ဆရာကန်တော့ပွဲကတော့ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါပြီ။ အခြေအနေ အကြောင်းကြောင်း ကြောင့် ဓါတ်ပုံရိုက်ကူးသူများထံမှ digital data များ မရရှိသေးတာမို့ သူငယ်ချင်း မယဉ်မင်းထွေးက ဓါတ်ပုံများကို စိတ်ရှည်လက်ရှည် scan လုပ်ရပါတယ်။ ဒါကြောင့်မို့လို့ အခုမှဘဲ အွန်လိုင်းပေါ်တင်နိုင်ပါတယ်။ scan လုပ်ပြီးသား ဓါတ်ပုံများကို geolfriends94 သို့ ပေးပို့ပေးသော ကိုကျော်လင်းဦးကိုလည်း ကျေးဇူးတင်ပါတယ်။ နောက်ထပ် video clips များကိုလည်း ရခဲ့လျှင် သူငယ်ချင်များ ကြည့်ရှုနိုင်ရန် တင်ပြပေးပါဦးမည်။
သူငယ်ချင်းများနှင့် ဆရာ၊ ဆရာမများ၏ တွေ့ဆုံ ပျော်ရွင်မှုများကို မတက်ရောက်၊ မတက်ဖြစ်ကြသော သူငယ်ချင်းများကို မုဒိတာပွားနိုင်ရန် ဓါတ်ပုံအယ်လ်ဘမ်ပြုလုပ်ထားပြီး ဖြစ်သောကြောင့် http://picasaweb.google.com မှတဆင့် မိမိတို့၏ gmail ဖြင့် login လုပ်ပြီး QUARTZ JUBILEE PHOTO သို့ ၀င်ရောက် ကြည့်ရှုနိုင်ပါသည်။ တစုတစည်းထဲ သိမ်းဆည်းကြည့်ရှုလိုသူများအတွက်လည်း ဤနေရာကို ကလစ်လုပ်၍ download လုပ်နိုင်ပါတယ်။
သူငယ်ချင်းများ ကျေနပ် ပျော်ရွင်နိုင်ကြမယ်လို့ ထင်ပါတယ်။

အကုန်လုံးဖတ်မယ်.....