လက်ခံရရှိသော အ၀တ်အထည်များကို မြန်မာနိုင်ငံဘူမိသိပ္ပံ အသင်းမှဖွဲ့စည်းထားသော သဘာဝဘေးအန္တရယ် ကူညီစောင့်ရှောက်ရေးအသင်းသို့ ပေးပို့လှုဒါန်းသွားမည်ဟု ဆိုင်တမတက္ကသိုလ်မှ Ph.D ကျောင်းသား ကိုအောင်ကိုကိုစိုး (ဘူမိဗေဒ၊ ၁၉၉၅) ကပြောကြားပါတယ်။
ပထမဆုံးကွန်တိန်နာကို ဇွန်(၂၇) မှာ Yokohama ဆိပ်ကမ်းသို့ပို့ဆောင်မှာဖြစ်ပြီး ရန်ကုန်သို့ ဇူလိုင်လ တတိယပါတ်လောက်မှာ ရောက်ရှိမယ်လို့သိရပါတယ်။ နောက်ထပ် ကွန်တိန်နာများကိုလည်း ဆက်တိုက်ဆိုသလို ပို့ဆောင်သွားမှာ ဖြစ်ကြောင်းနှင့် ကွန်တိန်နာ အနည်းဆုံး(၃)လုံးလောက် ပေးပို့လှုတန်းနိုင်မယ်လို့ခန့်မှန်းထားကြောင်း၊ နောက်ထပ် စာရေးကိရိယာများကိုလည်း ထပ်မံပေးပို့နိုင်ရန် စီစဉ်လျှက်ရှိကြောင်း ကိုအောင်ကိုကိုစိုးက ထပ်မံပြောကြားပါတယ်။






