၁၉၉၁-၁၉၉၄ အတွင်းမှာ ဆုံခဲ့ကြတဲ့ သူငယ်ချင်းတွေရဲ့ စာရင်းနဲ့လိပ်စာမှတ်တမ်းကို ပြုလုပ်နိုင်အောင် ကြိုးစားနေပါတယ်။ ဖြစ်နိုင်ရင် နီးစပ်ရာ သူငယ်ချင်းတွေရဲ့လိပ်စာတွေကို ပို့ပေးကြပါဦး။
လက်လှမ်းမှီသလောက်ပေါ့။ နိုင်ငံခြားရောက် သူငယ်ချင်းတွေလည်း နီးစပ်ရာ စုစည်းပြီး ပို့ပေးကြပါဦးလို့.............
၁၉၉၁ မှ ၁၉၉၄ ကသူငယ်ချင်းတွေဆိုတာ
- ၁၉၉၁မှာ စတင်အတူတူကျောင်းတက်ခဲ့ကြသူတွေဖြစ်မယ်။
- ၁၉၉၄မှာ အတူတူကျောင်းပြီးခဲ့ကြသူတွေလည်းဖြစ်မယ်။
- ၁၉၉၁မှာ အတူတူတက်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် အတန်းနောက်ကျကျန်ခဲ့သူတွေလည်းပါ ပါမယ်။
- ၁၉၉၁မှာမှမဟုတ်ဘဲ ရှေ့အတန်းတွေကနေ အကြောင်းအမျိုးမျိုးကြောင့် အတန်းနောက်ကျကျန် ခဲ့သူတွေလည်းပါ ပါမယ်။
- ဂုဏ်ထူးတန်း၊ ပါရဂူတန်း တက်ကြတဲ့ တက်နေဆဲ သူငယ်ချင်းတွေ လည်းပါမယ်။
- ၁၉၉၁-၁၉၉၄ အတွင်း တစ်နှစ်နှစ်မှာ ဆုံခဲ့ကြတဲ့သူတွေအားလုံးပါ ပါတယ်။
Format ကိုတော့ ဒါတွေပါအောင် စီစဉ်ထားပါတယ်။
၁။ နာမည်
၂။ အလုပ်အကိုင်
၃။ နေရပ်လိပ်စာ
၎။ e-mail လိပ်စာ
၅။ တယ်လီဖုန်းနံပါတ်
ပထမဆုံးစီစဉ်တာမို့ လိုအပ်တာတွေ ကျန်ခဲ့တဲ့သူငယ်ချင်းတွေရှိနိုင်ပါတယ်၊ ကျန်ခဲ့ရင်လည်း အကြောင်းကြားပေးပါဦးလို့...
...သူငယ်ချင်းကျော်လင်းဦးရဲ့ အကြံပေးချက်ကို လက်ခံရရှိပါတယ်။ ကျေးဇူးလည်းအထူးတင်ပါတယ်။
ReplyDeleteဘယ်လိုဘဲဖြစ်ဖြစ် တို့အားလုံးဟာ 91မှာစတင်ပြီး 94 မှာ ပုံမှန်အားဖြင့် B.Sc ပြီးခဲ့ကြတယ်။ ဒါပေမယ့် တစ်ချို့သော သူငယ်ချင်းတွေဟာ အကြောင်း အမျိုးမျိုးကြောင့် ကျောင်းမပြီးဘဲ ကျောင်းထွက်လိုက်ရတာတွေ၊ နောက်ကျမှ ကျောင်းပြီးတာတွေ ရှိပါတယ်။ ဂုဏ်ထူးတန်း၊ ပါရဂူတန်းဆက်တက် နေတဲ့ မင်းအပါအ၀င် အခြားသော သူငယ်ချင်းတွေလည်း ဂုဏ်ထူးတန်းပြီးသွားသူတွေရှိသလို၊ ယခုထိဆက်လက် ကျောင်းတက်နေကြသူတွေလည်း ရှိပါတယ်။ အဲဒီအားလုံးသော သူငယ်ချင်းတွေဟာ 91-94 တစ်နှစ်နှစ်မှာ အတူတကွ တက်ဖူးခဲ့ကြ သူတွေချည်းပါဘဲ။ ဒါကြောင့် လိပ်စာစာအုပ်မှာ အားလုံးပါဝင်နိုင်ရမှာ ဖြစ်ပါတယ်။
blog နာမည်လည်း ဒီအတိုင်းပါဘဲ၊ ဒါကြောင့်
91မှစပြီး ဂုဏ်ထူးတန်း ပြီးသည့်နှစ်နဲ့ geolfriends95 လို့တပ်မလား၊
ပါရဂူတန်းပြီးကြမယ့် နှစ်တစ်နှစ်ကိုဘဲ နာမည်ပေးကြမလား (ဥပမာ။ geolfriends2008)၊
ဒါမှမဟုတ် တို့သူငယ်ချင်းတွေ ပုံမှန် B.Sc ပြီးကြတဲ့ 94 ကိုရည်ရွယ်ပြီး geolfriends94 လို့ ပေးမလား၊ ဒါမှမဟုတ် ကျောင်းစတက်တဲ့နှစ် 91ကို ရွေးပြီး geolfriends91 လို့ ပေးမလား စဉ်းစားကြည့်ပါတယ်။
အဲဒီမှာမှ geolfriends94 လို့ ပေးခဲ့ပါတယ်။
နောက်ပြီး နာမည်မှတ်ရလွယ်အောင်နဲ့ အတိုဆုံးဖြစ်အောင် ပေးခဲ့ခြင်းလည်းဖြစ်ပါတယ်။
ဒါပေမယ့် geolfriends 1991-1994 လို့ blog title မှာ တပ်ထားပါတယ်။
အခြားသော သူငယ်ချင်းတွေလည်း မိမိတို့ထင်မြင်ချက်တွေကို ပေးပို့နိုင်ပါတယ်။...