Internet connection အခက်အခဲကြောင့် နှစ်ဦးမှာ ရည်ရွယ်ထားတဲ့ post အသစ်တွေ မတင်ဖြစ်တာ သူငယ်ချင်း အားလုံးကို sorry ပါဘဲလို့။
ဘာဘဲဖြစ်ဖြစ် ၂၀၀၈ နှစ်ဦးဟာ ကျွန်တော်တို့ သူငယ်ချင်းတွေ အတွက် မင်္ဂလာအပေါင်းနဲ့ပြည့်စုံ ခဲ့ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ မင်္ဂလာနှစ်သစ်မှာ မင်္ဂလာသတင်းနဲ့ စတင်ခဲ့လို့ပါဘဲ။
တို့တွေ ကျောင်းပြီးခဲ့ကြတာ အခုဆို တဖြည်းဖြည်းနဲ့ ဆယ့်သုံးနှစ်ထဲတောင် ရောက်ခဲ့ပြီ မဟုတ်လား။ အားလုံးလည်း အသက် (၄၀) တမ်းကို ၀င်လာပြီလေ။ အပျိုသိုး၊ လူပျိုသိုး လက်ကျန်ထဲကမှ ၂၀၀၈ နှစ်ဦးမှာ မင်္ဂလာပြည့်စုံစွာနဲ့ လူပျိုသိုးရာထူးမှ ရာထူးတိုးသွားတဲ့ တို့ရဲ့သူငယ်ချင်း မောင်နေမျိုးဝင်းဟာ သူ့ရဲ့ဖူးစာရှင် မစုစုလင်းနဲ့ မင်္ဂလာပွဲဧည့်ခံပွဲကို Sedona Hotel မှာ ခန်းနားသိုက်မြိုက်စွာ ကျင်းပသွားခဲ့ပါတယ်။ ညနေပိုင်း မှာတော့ Western Park Restaurant မှာ မြိုင်မြိုင်ဆိုင်ဆိုင် နဲ့ Dinner ပြုလုပ်သွားခဲ့ပါတယ်။ သူငယ်ချင်း မောင်နေမျိုးဝင်းနဲ့ မစုစုလင်းတို့နှစ်ယောက် သက်ဆုံးတိုင် ရွှေလက်ခိုင်ခိုင်မြဲ၍ ပျော်ရွှင်ချမ်းမြေ့ ပါစေကြောင်း geolfriends94 သူငယ်ချင်းများမှ ဆုမွန်ကောင်းများ တောင်းအပ် ပါသည်။
No comments:
Post a Comment