Monday, 18 August 2008

မြန်မာနိုင်ငံမြေငလျင်ကော်မတီမှ Hazard Map များရေးဆွဲမည်

မြန်မာနိုင်ငံမြေငလျင်ကော်မတီမှ Hazard Map ရေးဆွဲပြီး ပြည်သူလူထုအား အသိပေးဖေါ်ထုတ်သွားမည်ဟု အသင်းအတွင်းရေးမှူး ဦးစိုးသူထွန်းမှ ပြောကြားပါသည်။
“Hazard Map လုပ်မယ်ဆိုတာက မုန်တိုင်း၊ မုန်တိုင်းဒီရေ (storm surge)၊ ငလျင်၊ ငလျင်ကြောင့်မြေသားအိကျမှု (liquefaction)၊ နဲ့ ဆားငံရေ၀င်မှု တွေကို မြေပုံဆွဲတာလေ၊ အခုလောလောဆယ် ဧရာဝတီကို လုပ်မှာဖြစ်ပါတယ်” ဟု၎င်းက ဆက်လက်ပြောကြားပါသည်။
အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ဘူမိဗေဒပညာရှင်များနှင့် မြန်မာနိုင်ငံမြေငလျင်ကော်မတီတို့ ပူပေါင်းပြီး Hazard Map များအားရေးဆွဲသွားမည်ဟုသိရပါသည်။

2 comments:

  1. Liquefaction ဆိုတာ မြေပျော်တာကွ။ အိကျတာ မဟုတ်ဘူး။ ရေဝနေတဲ့ သဲနဲ့ နှုံးတွေ တုန်ခါတဲ့ဒဏ်ခံရလျှင်ဖြစ်တတ်တဲ့ သဘောပါ။ အဆောက်အဦများရှိလျှင် ရေတွေပန်းထွက်ကုန်တာကြောင့် အောက်ခံထားမြေမရှိတော့သလိုဖြစ်ပြီး အလုံးလိုက်ကျွံဝင်သွားတတ်တယ်။ တောင်တွင်းကြီးငလျင်တုန်းက မှတ်တမ်းတင်ထားတာတွေရှိတယ်။

    ReplyDelete
  2. Storm surge ဆိုတာ ဆူနာမီလိုပဲ။ မုန်တိုင်းလေ ဖိတွန်းလို့ ထလာတဲ့ လှိုင်းကြီးတွေ။ ဒီရေမဟုတ်ဘူး။ မုန်တိုင်းရေလှိုင်းကြီးလို့ သုံးရမယ်ထင်တယ်။

    ReplyDelete