၁၉၉၁-၁၉၉၄ ဘူမိဗေဒသူငယ်ချင်းများ၏ စတုတ္ထအကြိမ်မြောက် အာစရိယပူဇော်ပွဲကို ၂၀၁၂ ဇန်န၀ါရီလကုန်တွင် ကျင်းပမည်။ ...........

Thursday, 22 November 2007

သူငယ်ချင်း (၁)


အကုန်လုံးဖတ်မယ်.....

“သူငယ်ချင်း” ဆိုတဲ့ ခံစားချက် စာမူများ ဖိတ်ခေါ်ခြင်း

“သူငယ်ချင်း” ဆိုတဲ့ ခံစားချက်များ ပေးပို့ကြပါ။ “သူငယ်ချင်းများ” အကြောင်းအရာနဲ့ ပါတ်သက်ပြီး ကဗျာ၊ ဆောင်းပါး၊ ၀တ္ထု များ ကို မိမိတို့ စိတ်ကြိုက်ပုံစံဖြင့် ရေးသားပေးပို့နိုင်ပါတယ်။ English, မြန်မာ ကြိုက်ရာ နဲ့ ရေးနိုင်ပါတယ်။

အခြား ကောင်းနိုးရာရာ စိတ်ဝင်စားဖွယ်ရာ၊ အားလုံးလည်းအကျိုးရှိနိုင်မယ့် အကြောင်းအရာတွေ ကိုလည်း တတ်နိုင်သရွေ့ ဆက်ပြီး geolfriends94 သူငယ်ချင်းများမှ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
စိတ်ဝင်စားဖွယ်၊ အကြံဉာဏ်ကောင်းတွေ ရှိခဲ့ရင်လည်း ပေးကြပါဦး။
ကူညီမယ် သူငယ်ချင်းတွေကိုလည်း ဖိတ်ခေါ်ပါတယ်။
ဆရာ၊ဆရာမ၊ သူငယ်ချင်းတွေ၊ အားလုံးလည်းစိတ်ဝင်စားမယ့်အကြောင်းတွေရှိခဲ့ရင်၊ ခံစားချက်တွေ ဖွင့်အံချင်ရင် geolfriends94@gmail.com ကို ပေးပို့ဖြန့်ဝေနိုင်ပါတယ်။

အကုန်လုံးဖတ်မယ်.....

Friday, 16 November 2007

MGS ၏ ခနောက်စိမ်း စာတမ်းဖတ်ပွဲ

ယခုနှစ်နှစ်ကုန်ပိုင်းမှာ MGS ဟာ စာတမ်းဖတ်ပွဲများကို ခပ်စိပ်စိပ်လုပ်လာတာ တွေ့ရပါတယ်။
၁၇ နိုဝင်ဘာ ၂၀၀၇ မှာလည်း MGS တည်ရှိရာ အင်ဂျင်နီယာအသင်းဝန်း အတွင်းမှာ ဦးဝင်းမောင် (Twiza Oil Exploration Ltd.) ဖတ်ကြားတဲ့ ခနောက်စိမ်းအကြောင်း စာတမ်းဖတ်ပွဲကို ထပ်မံပြီး အောင်မြင်စွာ ကျင်းပ ခဲ့ကြောင်း သိရှိရပါသည်။

အကုန်လုံးဖတ်မယ်.....

Thursday, 8 November 2007

နိုဝင်ဘာ ၂၀၀၇ နာရေးသတင်း

အနောက်ပိုင်းတက္ကသိုလ် ပါမောက္ခ Dr ရဲမင်းဆွေ + အရှေ့ပိုင်းတက္ကသိုလ် ပါမောက္ခ Dr ချိုချိုအေး တို့၏ မိခင်ကြီးသည် မိုညှင်းမြို့တွင် ကွယ်လွန်သွား ကြောင်းသိရှိရသဖြင့် မိသားစုနှင့်တကွ ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲ ရပါကြောင်း geolfriends94 တပည့်များမှ ကောင်းရာသုဂတိ ရောက်ပါစေကြောင်း ဆုမွန်ကောင်းများ တောင်းအပ်ပါသည်။
geolfriends94 တပည့်များ၏ဆရာ၊ ရန်ကုန်တက္ကသိုလ် ဘူမိဗေဒဌာန၏ ဆရာဟောင်းတစ်ဦးဖြစ်သည့် ဆရာဦးခင်လတ်၏ ချစ်လှစွာသော ဇနီး ဒေါ်ထားရီလင်း၊ အသက် (၄၄)နှစ်သည် Singapore နိုင်ငံတွင်
၅ နိုဝင်ဘာ ၂၀၀၇က ကွယ်လွန်သွားကြောင်း ကြားသိရသည့်အတွက် ကျန်ရစ်ခဲ့သော ချစ်သမီးနှစ်ဦး၊ ဆရာဦးခင်လတ် တို့မိသားစု အားလုံးနှင့်တကွ ထပ်တူ ထပ်မျှ ၀မ်းနည်း ကြေကွဲရပါသည်။

အကုန်လုံးဖတ်မယ်.....

Gold Deposit of Myanmar စာတမ်း ဖတ်ပွဲ

၃ နိုဝင်ဘာ ၂၀၀၇ တွင် မြန်မာ့ဘူမိသိပ္ပံအသင်း၏ Gold Deposit of Myanmar စာတမ်း ဖတ်ပွဲကို ကျင်းပခဲ့ရာ ဦးတင်လှိုင်၊ ဦးအောင်ကြင်၊ ဒေါက်တာဝင်းဆွေ နှင့် ဦးကြိုင်စိန်တို့မှ စာတမ်းများကို အသီးသီးဖတ်ကြားခဲ့ပြီး တက်ရောက်လာသူများမှ တက်ကြွစွာ ဆွေးနွေးရင်း မြန်မာ့ဘူမိသိပ္ပံအသင်း၏ အသိပညာ ဖလှယ်မှုမှတ်တမ်းကို အောင်မြင်စွာ ရေးထိုးနိုင်ခဲ့ကြောင်းသိရှိရပါသည်။

အကုန်လုံးဖတ်မယ်.....

MGS-မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း ရုံးခန်းဖွင့်လှစ်ခြင်း

MGS-မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း ရုံးခန်းကို ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေရှိ MES-မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း အဆောက်အဦး၏ ၄လွှာတွင် July 2007 ကဖွင့်လှစ်လိုက်ပြီး အသင်းကိစ္စအ၀၀ကို စတင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း နှင့် အသင်းသားများအနေဖြင့် အဆိုပါ ရုံးခန်းသို့ ဆက်သွယ်ဆောင်ရွက် နိုင်ကြောင်းသိရှိရပါသည်။
ယခုလောလောဆယ်အနေဖြင့် အသင်းသားဝင်ခွင့်များကို အင်္ဂါ၊ ကြာသပတေးနေ့ များတွင် လက်ခံလျက်ရှိပြီး
ရာသက်ပန် အသင်းသားအတွက် ၁၀၀၀၀ကျပ်၊ နှင့် ပုံမှန်အသင်းသားများအတွက် နှစ်စဉ်ကြေး တစ်နှစ်လျှင် ၃၀၀၀ကျပ် ဖြစ်ကြောင်း သိရှိရပါသည်။

အကုန်လုံးဖတ်မယ်.....