၁၉၉၁-၁၉၉၄ ဘူမိဗေဒသူငယ်ချင်းများ၏ စတုတ္ထအကြိမ်မြောက် အာစရိယပူဇော်ပွဲကို ၂၀၁၂ ဇန်န၀ါရီလကုန်တွင် ကျင်းပမည်။ ...........

Wednesday 30 January 2008

MGS ၂၀၀၈ နှစ်ဦး မိတ်ဆုံ ညစာစားပွဲ

MGS ရဲ့ နှစ်ပါတ်လည် မိတ်ဆုံ ညစာစားပွဲကို ၁၊ဖေဖေါ်ဝါရီ၊၂၀၀၈ ညနေ ၅ နာရီမှာ IBC မှာ ကျင်းပပြုလုပ် သွားမှာဖြစ်ပါတယ်။ ယခင်နှစ်များအတိုင်း ဆရာကြီး၊ ဆရာမကြီးများနှင့် ရင်းနှီးနွေးထွေးစွာ တွေ့ဆုံပွဲဖြစ်တာမို့ အသင်းဝင်များမည်သူမဆို တက်ရောက်နိုင်ကြောင်းလည်း သိရှိရပါတယ်။
အသင်းအမှုဆောင် အသစ်များ ရွေးချယ်ပြောင်းလဲ ဖွဲ့စည်းမယ်လို့လည်း သိရတာကြောင့် အသင်းရဲ့လှုပ်ရှားမှု များမှာ ဘယ်လို အစီအစဉ်အသစ်တွေနဲ့ အကောင်အထည်ဖေါ်သွားမယ်ဆိုတာ စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။

အကုန်လုံးဖတ်မယ်.....

Tuesday 29 January 2008

အတိတ်မြက်ခင်းစိမ်း



အာသီသ

ရူးတယ်ပဲပြောပြော၊ ကြောင်တယ်ပဲဆိုဆို၊ အတိတ်ကို ပြန်လည် တူးဆွခြင်းဟာ နာကျည်းစရာ စက်ရှုတ်စရာ တွေ ပြန်လည် အမှတ်ရ စေနိုင် သလို၊ ကြည်နူးစရာ လွမ်းဆွတ်စရာ တွေလည်း အတိနှင့်ပါ။ ဘဝ အပိုင်းအစတွေကို ပြန်ဆက်ဖို့ဆိုတာ အမှတ်ရစရာ မှတ်တိုင်လေးတွေ ရှိမှ ဖြစ်နိုင်တာမျိုး မဟုတ်လား။ မတူညီတဲ့ တူညီခြင်းတွေ ၊ မကွဲပြားတဲ့ ကွဲပြားခြင်းတွေကြား ရှင်သန်နေရတဲ့ ငါတို့ဘဝ ၊ ဘယ်ဆီကို ရောက်နေပြီလည်း မသိ၊ ဦးတည်နေတာကတော့ တစ်နေရာထည်း ၊ ရေနည်းနေတဲ့ကြား ငါကရွှေငါး ၊ ရွှေကြုပ် နှင့် ထည့်ထားတဲ့ အပ်ချောင်း သံချေး တက်နေရတဲ့ အဖြစ် ၊ လွှဲမှားစွာ တွေးယူ တွေးပူနေရတဲ့ နောက်ကြောင်း ၊ ကံကောင်းရင် သံချောင်းတော့ အပယ် မလားကောင်းပါရဲ့လို့တော့ ဆုတောင်းရမှာပဲ ။


ဒါတွေ ခဏထားပြီး ပျော်စရာတွေပဲ တွေးပါဆိုရင် ကျောင်းတုန်းက အဖြစ်အပြက် တွေက လွဲလို့ ဘယ်အရာ ဖြစ်နိုင်အုံးမှာလဲ ။ စိန်ပန်းတွေ မြေမှာ ကြဲပြန့်နေခြင်း အလှတရား ၊ ဂံ့ဂေါ် အကပ်မတော်လို့ စွယ်တော်ရွက် နှစ်ခြမ်းပဲ့သွားရတဲ့ ဇာတ်လမ်း ၊ ပြင်ညောင်မှာ ကြယ်တွေရေတမ်း ကစားခဲ့တဲ့ညတစ်ည ၊ မြင်းဒိုက်မှာ စားခဲ့ရတဲ့ မိုးသီးတွေရဲ့ ချိုမြိန်တဲ့ အရသာ ၊ ဆင်တောင်ကို ကိုယ်စားနှင့် တက်ခဲ့ရတဲ့ အဖြစ်သနက် ၊ ဒါတွေအခု ဘယ်မှာဝယ်လို့ ရသေးလည်း ။


၉၄ ဒီဇင်ဘာ ၃၁ ည ၊ အင်လျား ကန်ဘောင်မှာ ကြယ်တွေဆီက တောင်းခံခဲ့တဲ့ လမင်းလေးအတွက် ၉၅ နှစ်သစ် လက်ဆောင်လေးကို ဝေငှ လိုက်ပါတယ် ။ ကိုယ့် ခံစားချက်ကို သူများ စကာလုံးတွေနဲ့ ပုံဖေါ်ထားတာပါ ။



တို့လျှိုးမိန့်

...............................

အိမ်မက်ကလေး
နင်ဆောင်ယူလာတဲ……..မျှော်လင့်ခြင်း
ပြန်ယူမသွားဘို့
တောင်းပန်ချင်ပါရဲ့…။
နင်မရှိရင်
အမှောင်အတိ
အလင်းနတ္ထိ
တွယ်ရာမဲ့……..ဆုပ်ကိုင်ထားတဲ့
လက်တစ်စုံ
ချိနဲ့အောင်….မလုပ်လိုက်နဲ့
ကြယ်စင်တွေ….ဖမ်းပေးချင်တဲ့
ငါ့ကို
ဟန်ဆောင်ခြင်းနဲ့ပဲ
ခဏဖြစ်ဖြစ်
ဆက်လက်……..ရှင်သန်ခွင့်ပြုပါ….။

(ကျောင်းသားဘဝကရေးပြီးမပေးဖြစ်ခဲ့တဲ့ကဗျာတပုဒ်)

အကုန်လုံးဖတ်မယ်.....

Sunday 20 January 2008

နာရေး ဇန်န၀ါရီ ၂၀၀၈

ဆရာဦးမြင့်ခိုင် (ပါမောက္ခ (ငြိမ်း) တောင်ကြီးတက္ကသိုလ်) သည် ၁၈ ဇန်န၀ါရီ ၂၀၀၈ တွင် ရန်ကုန်မြို့၌ ကင်ဆာဖြင့် ကွယ်လွန်သွားကြောင်း သိရသည့်အတွက် ကျန်ရစ်သူ မိသားစုနှင့်တကွ geolfriends94 တပည့်များမှ ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲ ရပါသည်။ ဆရာကောင်းရာသုဂတိရောက်ပါစေကြောင်း ဆုမွန်ကောင်းများ တောင်းအပ်ပါသည်။

အကုန်လုံးဖတ်မယ်.....

Monday 14 January 2008

၉ ကြိမ်မြောက် MGS စာတမ်းဖတ်ပွဲ

၂၀၀၈ခုနှစ် နှစ်ဦး ဇန်န၀ါ၇ီလ ၁၂ရက် နေ့ နံနက် ၉နာရီခွဲ က MGS ရဲ့ ၉ ကြိမ်မြောက် စာတမ်းဖတ်ပွဲကို အသင်းရုံးခန်းတည်ရှိရာ လှိုင်နယ်မြေ၊ အင်ဂျင်နီယာအသင်း မှာ အောင်မြင်စွာ ကျင်းပခဲ့ကြောင်းသိရှိရပါသည်။

အကုန်လုံးဖတ်မယ်.....

နှစ်ဦးမင်္ဂလာ

Internet connection အခက်အခဲကြောင့် နှစ်ဦးမှာ ရည်ရွယ်ထားတဲ့ post အသစ်တွေ မတင်ဖြစ်တာ သူငယ်ချင်း အားလုံးကို sorry ပါဘဲလို့။
ဘာဘဲဖြစ်ဖြစ် ၂၀၀၈ နှစ်ဦးဟာ ကျွန်တော်တို့ သူငယ်ချင်းတွေ အတွက် မင်္ဂလာအပေါင်းနဲ့ပြည့်စုံ ခဲ့ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ မင်္ဂလာနှစ်သစ်မှာ မင်္ဂလာသတင်းနဲ့ စတင်ခဲ့လို့ပါဘဲ။
တို့တွေ ကျောင်းပြီးခဲ့ကြတာ အခုဆို တဖြည်းဖြည်းနဲ့ ဆယ့်သုံးနှစ်ထဲတောင် ရောက်ခဲ့ပြီ မဟုတ်လား။ အားလုံးလည်း အသက် (၄၀) တမ်းကို ၀င်လာပြီလေ။ အပျိုသိုး၊ လူပျိုသိုး လက်ကျန်ထဲကမှ ၂၀၀၈ နှစ်ဦးမှာ မင်္ဂလာပြည့်စုံစွာနဲ့ လူပျိုသိုးရာထူးမှ ရာထူးတိုးသွားတဲ့ တို့ရဲ့သူငယ်ချင်း မောင်နေမျိုးဝင်းဟာ သူ့ရဲ့ဖူးစာရှင် မစုစုလင်းနဲ့ မင်္ဂလာပွဲဧည့်ခံပွဲကို Sedona Hotel မှာ ခန်းနားသိုက်မြိုက်စွာ ကျင်းပသွားခဲ့ပါတယ်။ ညနေပိုင်း မှာတော့ Western Park Restaurant မှာ မြိုင်မြိုင်ဆိုင်ဆိုင် နဲ့ Dinner ပြုလုပ်သွားခဲ့ပါတယ်။ သူငယ်ချင်း မောင်နေမျိုးဝင်းနဲ့ မစုစုလင်းတို့နှစ်ယောက် သက်ဆုံးတိုင် ရွှေလက်ခိုင်ခိုင်မြဲ၍ ပျော်ရွှင်ချမ်းမြေ့ ပါစေကြောင်း geolfriends94 သူငယ်ချင်းများမှ ဆုမွန်ကောင်းများ တောင်းအပ် ပါသည်။

အကုန်လုံးဖတ်မယ်.....