၁၉၉၁-၁၉၉၄ ဘူမိဗေဒသူငယ်ချင်းများ၏ စတုတ္ထအကြိမ်မြောက် အာစရိယပူဇော်ပွဲကို ၂၀၁၂ ဇန်န၀ါရီလကုန်တွင် ကျင်းပမည်။ ...........

Sunday 23 September 2007

ဆရာကြီးဒေါက်တာဝင်းဆွေ၏ ကျန်းမာရေးသတင်း

ကျွန်တော်တို့၏ ဆရာကြီးဒေါက်တာဝင်းဆွေသည် နှလုံးရောဂါကြောင့် ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ရာမှ ယခုဆိုလျှင် နေအိမ်တွင် အနားယူလျှက်ရှိကြောင်း ကြားသိရပါသည်။
ကျွန်တော်တို့ geolfriends94 မှ ဆရာကြီး ဒေါက်တာဝင်းဆွေ ကျန်းမာရေး တိုးတက်ကောင်းမွန်ပြီး၊ geology ပညာရပ်များ နှစ်ပေါင်းမြောက်များစွာ ဆက်လက်ဖြန့်ဝေ၊ လက်ဆင့်ကမ်း နိုင်ပါစေကြောင်း ဆုမွန်ကောင်းများ တောင်းအပ် ပါသည် ခင်ဗျား။

အကုန်လုံးဖတ်မယ်.....

Friday 21 September 2007

ဒုတိယအကြိမ် ဆရာကန်တော့ပွဲ

၂၄၊ ဖေဖေါ်ဝါရီ၊ ၂၀၀၇ (စနေနေ့) တုန်းက ဒုတိယအကြီမ် ဆရာကန်တော့ပွဲနှင့် မိတ်ဆုံညစာစားပွဲ လုပ်သွားတာ သိတဲ့လူလည်းသိတယ်၊
တချို့ကတော့ မသိတာ၊ မလာနိုင်တာတွေလည်းရှိတယ်။
နိုင်ငံခြားက သူငယ်ချင်းတွေကလည်း အလှုငွေတွေ ပေးပို့ကြပါတယ်။
ထုံးစံအတိုင်း ကျွန်တော်တို့ရဲ့ အလွန်အားကိုးရတဲ့ သူငယ်ချင်း မသူဇာတို့၊ ကိုအောင်သိန်းတို့ရဲ့ စုစည်း ကမကထ ပြုမှုရယ်၊ အထူးသဖြင့် Geology Department, Yangon University မှာ lecturer အဖြစ်ရှိနေတဲ့ ကိုကျော်လင်းဦးရဲ့ တက်တက်ကြွကြွနဲ့ ပူးပေါင်းခေါင်းဆောင်ခဲ့ လို့လည်း ဆရာ၊ဆရာမများအတွက် လစ်ဟာမှုမရှိအောင် ဖြည့်ဆည်းပေးနိုင်ခဲ့ပြီး အားလုံးဟာ အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ အခြားသော သူငယ်ချင်းတွေဟာလည်း မိမိတို့တပ်စွမ်းသရွေ့ပါဝင် ဆောင်ရွက်ခဲ့ကြတာလည်း အမှတ်တရ၊ ကြည်နူးစရာပါဘဲ။
ဟဲဟဲ မိတ်ဆုံညစာစားပွဲကတော့ ကိုလှမျိုးထွန်း-မညိုမီတို့ အိမ်မှာ စားရင်း၊ သောက်ရင်း၊ ကာရာအိုကေဆိုရင်း ပျော်ရွှင်စွာ ဆုံတွေ့ ခဲ့ကြပါတယ်။ (ဒီအတွက်လည်း အားလုံးသော Geology94က သူငယ်ချင်းတွေရဲ့ နှိပ်စက်မှုကို မညီးမငြူ ပျော်ပျော်ပါးပါးကြီး အပင်ပန်းခံပေးတဲ့ မညိုမီကို အထူး ကျေးဇူး တင်ပါတယ်။)
နောင် ၂၀၁၀ခုနှစ်မှာ ပြန်လည်ဆုံကြ ဦးမယ်လို့ စီစဉ်ထားပါတယ်။

အကုန်လုံးဖတ်မယ်.....

လိပ်စာမှတ်တမ်း

၁၉၉၁-၁၉၉၄ အတွင်းမှာ ဆုံခဲ့ကြတဲ့ သူငယ်ချင်းတွေရဲ့ စာရင်းနဲ့လိပ်စာမှတ်တမ်းကို ပြုလုပ်နိုင်အောင် ကြိုးစားနေပါတယ်။ ဖြစ်နိုင်ရင် နီးစပ်ရာ သူငယ်ချင်းတွေရဲ့လိပ်စာတွေကို ပို့ပေးကြပါဦး။
လက်လှမ်းမှီသလောက်ပေါ့။ နိုင်ငံခြားရောက် သူငယ်ချင်းတွေလည်း နီးစပ်ရာ စုစည်းပြီး ပို့ပေးကြပါဦးလို့.............
၁၉၉၁ မှ ၁၉၉၄ ကသူငယ်ချင်းတွေဆိုတာ
- ၁၉၉၁မှာ စတင်အတူတူကျောင်းတက်ခဲ့ကြသူတွေဖြစ်မယ်။
- ၁၉၉၄မှာ အတူတူကျောင်းပြီးခဲ့ကြသူတွေလည်းဖြစ်မယ်။
- ၁၉၉၁မှာ အတူတူတက်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် အတန်းနောက်ကျကျန်ခဲ့သူတွေလည်းပါ ပါမယ်။
- ၁၉၉၁မှာမှမဟုတ်ဘဲ ရှေ့အတန်းတွေကနေ အကြောင်းအမျိုးမျိုးကြောင့် အတန်းနောက်ကျကျန် ခဲ့သူတွေလည်းပါ ပါမယ်။
- ဂုဏ်ထူးတန်း၊ ပါရဂူတန်း တက်ကြတဲ့ တက်နေဆဲ သူငယ်ချင်းတွေ လည်းပါမယ်။
- ၁၉၉၁-၁၉၉၄ အတွင်း တစ်နှစ်နှစ်မှာ ဆုံခဲ့ကြတဲ့သူတွေအားလုံးပါ ပါတယ်။
Format ကိုတော့ ဒါတွေပါအောင် စီစဉ်ထားပါတယ်။
၁။ နာမည်
၂။ အလုပ်အကိုင်
၃။ နေရပ်လိပ်စာ
၎။ e-mail လိပ်စာ
၅။ တယ်လီဖုန်းနံပါတ်
ပထမဆုံးစီစဉ်တာမို့ လိုအပ်တာတွေ ကျန်ခဲ့တဲ့သူငယ်ချင်းတွေရှိနိုင်ပါတယ်၊ ကျန်ခဲ့ရင်လည်း အကြောင်းကြားပေးပါဦးလို့...

အကုန်လုံးဖတ်မယ်.....

Thursday 13 September 2007

သူငယ်ချင်းအားလုံးသို့...............

ဒီ blog မှာ 1991-1994 က ရန်ကုန်တက္ကသိုလ် Geology မှာ ဆုံခဲ့ကြတဲ့ သူငယ်ချင်းတွေ
ဘ၀အထွေထွေနဲ့ အဝေးတစ်နေရာဆီ ရောက်နေချိန်မှာ
တစ်ဦးနှင့်တစ်ဦး လွယ်လွယ်ကူကူဆက်သွယ်နိုင်အောင်၊
မိမိတို့ ခံစားချက် အတွေ့အကြုံလေးတွေမျှဝေနိုင်အောင်၊
ဆရာ/ဆရာမတွေနဲ့ သူငယ်ချင်း
အပေါင်းအသင်းတွေ သာရေးနာရေးအကြောင်းတွေ သိရှိကူညီနိုင်အောင်
ဒီ blog ကို ပြုလုပ်ထားခြင်းဖြစ်ပါတယ်။
တို့သူငယ်ချင်းတွေ ဘယ်နေရာကို ရောက်ရောက် ဒီ blog ကလေးကနေ တဆင့် ဆုံဆည်းကြမယ်နော်။
အခုမှ စတင်တဲ့ blog မို့ ဘယ်သူဘဲ ဖြစ်ဖြစ် ကူညီအကြံပေးနိုင်ပါတယ်။
မသိသေးတဲ့ သူငယ်ချင်းတွေကိုလည်း ထပ်ဆင့်အကြောင်းကြားပေးကြပါဦး လို့......................
အားလုံးပျော်ရွှင်နိုင်ကြပါစေ။

အကုန်လုံးဖတ်မယ်.....