၁၉၉၁-၁၉၉၄ ဘူမိဗေဒသူငယ်ချင်းများ၏ စတုတ္ထအကြိမ်မြောက် အာစရိယပူဇော်ပွဲကို ၂၀၁၂ ဇန်န၀ါရီလကုန်တွင် ကျင်းပမည်။ ...........

Thursday 26 June 2008

ဆိုင်တမ တက္ကသိုလ်မှ လေဘေးကူညီရေးအတွက် အ၀တ်အထည်များ ကွန်တိန်နာများဖြင့် ပေးပို့

ဆိုင်တမ တက္ကသိုလ် (Saitama Univeristy) မှာ ရောက်ရှိ ပညာသင်ကြားနေကြတဲ့ မြန်မာကျောင်းသားများ စုပေါင်း၍ မြန်မာနိုင်ငံ Nargis လေဘေးဒဏ်ခံရသော မြန်မာပြည်သားများအတွက် မေလတွင်းကတည်းက အ၀တ်အထည်များ အလှုခံလျက်ရှိရာ ယခုအခါ တန် (၃၀)ခန့် ရရှိနေပြီးဖြစ်ပါသည်။
လက်ခံရရှိသော အ၀တ်အထည်များကို မြန်မာနိုင်ငံဘူမိသိပ္ပံ အသင်းမှဖွဲ့စည်းထားသော သဘာဝဘေးအန္တရယ် ကူညီစောင့်ရှောက်ရေးအသင်းသို့ ပေးပို့လှုဒါန်းသွားမည်ဟု ဆိုင်တမတက္ကသိုလ်မှ Ph.D ကျောင်းသား ကိုအောင်ကိုကိုစိုး (ဘူမိဗေဒ၊ ၁၉၉၅) ကပြောကြားပါတယ်။
ပထမဆုံးကွန်တိန်နာကို ဇွန်(၂၇) မှာ Yokohama ဆိပ်ကမ်းသို့ပို့ဆောင်မှာဖြစ်ပြီး ရန်ကုန်သို့ ဇူလိုင်လ တတိယပါတ်လောက်မှာ ရောက်ရှိမယ်လို့သိရပါတယ်။ နောက်ထပ် ကွန်တိန်နာများကိုလည်း ဆက်တိုက်ဆိုသလို ပို့ဆောင်သွားမှာ ဖြစ်ကြောင်းနှင့် ကွန်တိန်နာ အနည်းဆုံး(၃)လုံးလောက် ပေးပို့လှုတန်းနိုင်မယ်လို့ခန့်မှန်းထားကြောင်း၊ နောက်ထပ် စာရေးကိရိယာများကိုလည်း ထပ်မံပေးပို့နိုင်ရန် စီစဉ်လျှက်ရှိကြောင်း ကိုအောင်ကိုကိုစိုးက ထပ်မံပြောကြားပါတယ်။

ဆိုင်တမတက္ကသိုလ်မှ ကျောင်းသားများ၏ လှုပ်ရှားမှုများကို သာဓုခေါ်ဆိုနိုင်ရန် ဓါတ်ပုံများဖြင့်ဖေါ်ပြလိုက်ပါတယ်။

အကုန်လုံးဖတ်မယ်.....

Friday 20 June 2008

မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း (MGS) WEBSITE လွှင့်တင်

၂၀၀၃ ခုနှစ်ကတည်းက စတင်ဖွဲ့စည်းခဲ့သော မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း (MGS) ၏ website ကို ယခုအပါတ်တွင် စတင်လွှင့်တင်လိုက်ပြီ ဖြစ်ကြောင်းသိရှိရသည်။
ယခု လောလောဆယ်အနေဖြင့် NARGIS မုန်တိုင်းဒဏ်ခံရသော ဒေသများ အတွက် ကယ်ဆယ်ရေးနှင့် စူးစမ်းလေ့လာရေးလုပ်ငန်းများ ပြုလုပ်နိုင်ရန် မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း (MGS) ၏လက်အောက်တွင် ဖွဲ့စည်းထားသော မြန်မာနိုင်ငံဘူမိသိပ္ပံ သဘာဝဘေးအန္တရယ် ကူညီစောင့်ရှောက်ရေးကော်မတီ (Myanmar Geosciences Society Committee for Natural Disaster Relief) ကို ပိုမို ထိရောက်စွာ ပံ့ပိုးနိုင်ရန်၊ ကော်မတီ၏လှုပ်ရှားမှုများကို နိုင်ငံပေါင်းစုံတွင် ရောက်ရှိနေသော ဘူမိဗေဒ ကျောင်းဆင်းများအားလုံး လွယ်ကူစွာ သိရှိနိုင်ရန် နှင့် လှုဒါန်းလိုသည့် တသီးပုဂ္ဂလ အလှုရှင်များ၊ ပြည်တွင်း၊ပြည်ပ အဖွဲ့အစည်းများ ဆက်သွယ်ပူးပေါင်း ပါဝင်နိုင်ရန် အဓိကရည်ရွယ်ပြီး စတင်ဖွင့်လှစ်လိုက်ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
ဆက်လက်၍ မြန်မာဘူမိသိပ္ပံအသင်းကြီး၏ ဆွေးနွေးပွဲများ၊ လှုပ်ရှားမှုများကို ပိုမိုကျယ်ပြန့်စွာ လွှင့်တင်သွားမည်ဟုလည်း သိရှိရပါသည်။
မြန်မာဘူမိသိပ္ပံအသင်း (MGS) ၏ website လိပ်စာမှာ http://www.myanmargeosciences.org ဖြစ်ပါသည်။

အကုန်လုံးဖတ်မယ်.....

Sunday 15 June 2008

ဘူမိဗေဒသူငယ်ချင်းများ၏ ဆက်လက်လှုဒါန်းမှုများ

(Connection အခြေအနေကြောင့် သူငယ်ချင်းများ၏ အလှုငွေ ထပ်မံရရှိခြင်းနဲ့ အခြားသတင်းများကို ခေတ္တ ပြတ်တောက်သွားခဲ့ရပါတယ်။)
လပ္မတ္တာမြို့နယ်ရှိ သူငယ်ချင်း ငြိမ်းဇော်(1994 batch) ထံသို့ အလှုငွေ ကျပ်(၂)သိန်းတိတိ ကို မသူဇာထံမှ လွဲပြောင်းပေးအပ်ပြီးဖြစ်ပါတယ်။
NARGIS ဒဏ်ခံရသောဒေသမှ ဆက်သွယ်၍ရရှိသော သူငယ်ချင်းများအားလုံးလည်း အိမ်မိုးများလန်ထွက်ခြင်း၊ နေအိမ်အစိတ်အပိုင်းအချို့ ပျက်စီးဆုံးရှုံးမှုများနှင့် ကြုံတွေရသော်လည်း အသက်အန္တရာယ်မှလွတ်မြောက်ကြသည်ဟု သိရှိရပါသည်။
ဘူမိဗေဒသူငယ်ချင်းများမှ အလှုငွေများကိုလည်းထပ်မံကောက်ခံလျက်ရှိကြောင်းသိရှိရပါသည်။

ယခုရရှိထားသော အလှုငွေများမှ လက်ကျန်ငွေများကို လှုဒါန်းရာတွင် ကြန့်ကြာမှုမရှိစေရန်နှင့် ပိုမိုထိရောက်နိုင်ရန် အတွက် မြန်မာဘူမိသိပ္မံအသင်း (MGS) ၏ သဘာဝဘေးအန္တရယ် ကူညီစောင့်ရှောက်ရေးအသင်းသို့ မကြာမီ ချိတ်ဆက်လှုဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
အချိန်မအားလပ်ကြားထဲမှ အချိန်ပေးပြီးကူညီကြသော သူငယ်ချင်းများ အားလုံးကိုလည်း အထူးပင်ကျေးဇူးတင်ရှိပြီး geolfriends94 မှ မှတ်တမ်းတင်အပ်ပါသည်။
ဆက်လက်ပြီး ရရှိတဲ့ အလှုငွေများကတော့ အောက်ပါအတိုင်းဖြစ်ပါသည်။


အကုန်လုံးဖတ်မယ်.....

Tuesday 10 June 2008

မြန်မာဘူမိသိပ္ပံ သဘာဝဘေးအန္တရယ် ကူညီစောင့်ရှောက်ရေးအသင်း၏ ပထမဆုံးခရီး

မြန်မာဘူမိသိပ္ပံ သဘာဝဘေးအန္တရယ် ကူညီစောင့်ရှောက်ရေးအသင်းမှ ဥက္ကဌ ဦးအေးလွင်နှင့် ကော်မတီဝင်များ ဖြစ်ကြသော ဦးတင်အုန်း၊ ဒေါ်ဝင်းကြည်၊ ဦးဆန်နီ၊ ဦးရဲမြတ်စိုး၊ ဦးစိုးသူရထွန်း တို့သည် ပထမဆုံးခရီးစဉ်အဖြစ် ဖျာပုံမြို့နယ်ရှိ ဖျာပုံမြစ်ဝတွင် အကြီးဆုံးကျေးရွာအုပ်စုဖြစ်သော ကနိကျေးရွာနှင့် (အေးသာယာ) ကျေးရွာအုပ်စု ခြောက်အိမ်တန်းရွာများသို့ ဇွန်လ (၇)ရက်နေ့က သွားရောက် ခဲ့ကြောင်းသိရှိရသည်။

ကနိကျေးရွာ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ရောက်ရှိပြီး လက်ရှိဆရာတော် ဘဒ္နန္တပဏ္ဍိတ မဟာဘုံစံ ကျောင်းဆရာတော်အား ဖူးမျှော်တွေ့ဆုံပြီး ဆရာတော်နှင့် အတူ ဂေဟာကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ ဦးညိုမြင့် အားတွေ့ဆုံခဲ့ပါသည်။ ထိုပရဟိတဂေဟာတွင် အသက် ၅နှစ်မှ ၁၄နှစ်ထိ ကျောင်းသားလူငယ်ပေါင်း (၇၂)ဦးရှိရာ နာဂစ်မုန်တိုင်းကြောင့် မိဘများကွယ်လွန်သွားသော ကလေးငယ်များ တိုးပွားလျက်ရှိပြီး၊ ထပ်မံ တိုးပွား လာနိုင်ကြောင်းနှင့် အဆိုပါကလေးများအတွက် စနစ်တကျ ကူညီထောက်ပံ့နိုင်မည့် လှုဒါန်းမှုများ ပြုလုပ်နိုင်ရန် ဆွေးနွေးတိုင်ပင်ခဲ့ကြကြောင်း သိရှိရပါသည်။

အဆိုပါအဖွဲ့သည် ခြောက်အိမ်တန်းကျေးရွာတွင်လည်း ကျေးရွာဥက္ကဌ ဦးအောင်နိုင်ထွန်းနှင့် ထပ်မံတွေ့ဆုံခဲ့ပြီး ထိုရွာရှိ အိမ်ထောင်စုပေါင်း (၁၂၀)ခန့်၏ အခြေအနေ၊ စေတနာရှင်များ၏ ကူညီထောက်ပံ့မှုများအား လက်ခံရရှိမှုနှင့် လုပ်ငန်းခွင် ပြန်လည်ဝင်နိုင်ရေး လုပ်ဆောင်နေမှုများကို သိရှိခဲ့ရပြီး၊ ကျေးရွာရှိ ကလေး (၂၀၀)ခန့် တက်ရောက်နေသည့် ပျက်ဆီး သွားခဲ့ရသော မူလတန်းကျောင်းအား ပြန်လည်ပြုပြင် လှုဒါန်းနိုင်ရန် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်းလည်း သိရှိရပါသည်။

အကုန်လုံးဖတ်မယ်.....

Monday 9 June 2008

မြန်မာနိုင်ငံဘူမိသိပ္ပံ သဘာဝဘေးအန္တရယ် ကူညီစောင့်ရှောက်ရေးကော်မတီဖွဲ့စည်းခြင်း

မြန်မာနိုင်ငံဘူမိသိပ္မံ သဘာဝဘေးအန္တရယ် ကူညီစောင့်ရှောက်ရေးကော်မတီ ဖွဲ့စည်းခြင်းနှင့် အသေးစိတ်အချက်အလက်များကို အောက်ပါအတိုင်းသိရှိရပါသည်။



အကုန်လုံးဖတ်မယ်.....

သူငယ်ချင်းများ သာဓုခေါ်နိုင်ရန်

စင်ကာပူရှိ geology သူငယ်ချင်းများမှ NARGIS မုန်တိုင်းဒဏ်ခံစားနေရသော သူငယ်ချင်းများအတွက် ကူညီနိုင်ရန် အလှုငွေများကောက်ခံလျက်ရှိရာ geolfriends94 သူငယ်ချင်း အေးသန္တာဗိုလ်၏ စည်းရုံးကောက်ခံရရှိငွေ စင်ကာပူဒေါ်လာ ၃၅၅ (မြန်မာငွေ ၃သိန်းခန့်)ကို ပထမဦးဆုံးအကြိမ် လှုဒါန်းနိုင်ခဲ့ပြီဖြစ်ကြောင်း သူငယ်ချင်းများ သာဓုခေါ်နိုင်ရန်ဖေါ်ပြအပ်ပါသည်။ အဆိုပါ လှုဒါန်းရရှိငွေများကို geolfriends94 သူငယ်ချင်း ကိုသိန်းထွန်းအောင်မှ မသူဇာထံသို့လွဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ပါသည်။
နောက်ထပ် အလှုငွေများကို စုဆောင်းလျက်ရှိပြီး သူငယ်ချင်းများမှ ဆက်လက်လှုဒါန်းသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။
သူငယ်ချင်းများ တကယ်ဒုက္ခရောက်နေချိန်မှာ မိမိတို့ တတ်နိုင်သလောက်
ဝိုင်းဝန်းလှုဒါန်းကြသော သူငယ်ချင်းအားလုံးကို
geolfriends94 သူငယ်ချင်းများမှ အထူးကျေးဇူးတင်ရှိပါသည်။

အကုန်လုံးဖတ်မယ်.....

Sunday 1 June 2008

ဘူမိဗေဒကျောင်းသားဟောင်းများ NARGIS ဘေးသင့်မှုများအတွက် စတင်လှုပ်ရှား

ဘူမိဗေဒကျောင်းသားဟောင်းများ သဘာဝဘေး အန္တရာယ် ကူညီစောင့်ရှောက်ရေးအဖွဲ့သည် မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း၏ လူမှုရေးလုပ်ငန်းအဖွဲ့ငယ်တစ်ရပ်အဖြစ် သီးခြားရုံးခန်းဖြင့် ရံပုံငွေရှာဖွေခြင်း၊ လက်ရှိလှုပ်ရှားနေသော မုန်တိုင်းဆိုင်ရာ အကူအညီပေးရေးအဖွဲ့အစည်းများ၊ မိဘမဲ့ကလေးကျောင်းများ၊ ဘိုးဘွားရိပ်သာနှင့် ဆေးရုံများသို့ပါဝင် လှူဒါန်းခြင်း၊ ရေတွင်းရေကန်များ ပြင်ဆင်ပေးခြင်းနှင့် မြေအောက်ရေရရှိနိုင်သော နေရာများတွင် စက်ရေတွင်း တူးပေးခြင်းများ လုပ်ဆောင်မည်ဖြစ်ပြီး သီးခြား website တင်၍ နိုင်ငံတကာအလှူရှင်များ၊ ဘူမိဗေဒ ကျောင်းသားများအား နှိုးဆော်မည်ဟု သိရသည်။

အကုန်လုံးဖတ်မယ်.....

မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း၏ ထရဗေဒကော်မတီအစည်းအဝေး

မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းက ပြန်လည်ဖွဲ့စည်းထားသော Stratigraphic Committeeသည် လတ်တလောဖြေရှင်းရန်ရှိသော မြန်မာနိုင်ငံထရဗေဒ ပြဿနာများအား စတင်ဆွေးနွေး ကြသည်။ ၃၁-၅-၂၀၀၈ နေ့ MGS ရုံးခန်းတည်ရှိရာ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း အဆောက်အဦတွင် ကျင်းပသော ယင်းအလွတ်သဘော ဆွေးနွေးပွဲသို့ ဘူမိသိပ္ပံအသင်း အမှုဆောင်အဖွဲ့နှင့်အတူ ဒေါက်တာဦးသိန်း၊ ဦးတင်လှိုင်၊ ဦးသန်းနိုင်၊ ဦးစိုးသူရထွန်း တို့တက်ရောက်ကာ အကြိတ်အနယ် ဆွေးနွေးကြ ကြောင်းသိရသည်။ ယခင်ခေတ်က IGCP National Committee အဖြစ်ဖြင့် ပြည်တွင်းကျောက်လွှာစုများဆိုင်ရာ အငြင်းပွားမှုများအား စုပေါင်းဖြေရှင်းခဲ့သော အဖွဲ့ကို ၁၉၈၀ ကျော်နှစ်များကပင် ဖျက်သိမ်းခဲ့ရာ ယခုပြန်လည်စတင် လှုပ်ရှားခြင်းဖြစ်ကြောင်း သိရသည်။

အကုန်လုံးဖတ်မယ်.....