၁၉၉၁-၁၉၉၄ ဘူမိဗေဒသူငယ်ချင်းများ၏ စတုတ္ထအကြိမ်မြောက် အာစရိယပူဇော်ပွဲကို ၂၀၁၂ ဇန်န၀ါရီလကုန်တွင် ကျင်းပမည်။ ...........

Saturday 19 November 2011

စတုတ္ထအကြိမ်မြောက် အာစရိယပူဇော်ပွဲ

၁၉၉၁-၁၉၉၄ ခုနှစ် ရန်ကုန်တက္ကသိုလ် ဘူမိဗေဒကျောင်းဆင်း သူငယ်ချင်းများ၏ စတုတ္ထအကြိမ်မြောက် အာစရိယ ပူဇော်ပွဲကို ၂၀၁၂ခုနှစ် ဇန်န၀ါရီလကုန်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ ဆရာကန်တော့ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အနယ်နယ်အရပ်ရပ်၊ ပြည်တွင်း ပြည်ပသို့ ရောက်ရှိနေသော သူငယ်ချင်းများ အားလုံး နီးစပ်ရာသို့ သတင်းမျှဝေရင်း အလှုငွေများ ထည့်ဝင် ကူညီနိုင်ပါသည်။

အကုန်လုံးဖတ်မယ်.....

Monday 15 August 2011

သူငယ်ချင်း ကိုကျော်စွာနိုင်၏ဖခင် ကွယ်လွန်

94 သူငယ်ချင်း ကိုကျော်စွာနိုင်၏ ဖခင် ဦးအောင်နိုင် (အသက်-၇၀နှစ်)၊ ကလောမြို့နယ်၊ အေးသာယာ GTI ကျောင်းအုပ် (ငြိမ်း) သည် ၁၄၊ သြဂုတ်လ၊ ၂၀၁၁ (တနင်္ဂနွေနေ့) နံနက် (၁၁း၃၅)နာရီတွင် ကွယ်လွန်သွားကြောင်း သိရှိရပါသဖြင့် geolfriends94 သူငယ်ချင်းများမှ မိသားစုနှင့်တကွ ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲရပါသည်။
၁၆၊ သြဂုတ်၊ ၂၀၁၁ (အင်္ဂါနေ့) နေ့လည် (၂း၀၀)နာရီ တွင် အမှတ် (၅၃-E) သာသနရိပ်သာလမ်း၊ ဗဟန်းမြို့နယ် နေအိမ်မှ ကားများ စတင်ထွက်ခွာ ပို့ဆောင်မည်ဖြစ်ပြီး ညနေ (၄း၀၀)နာရီ အချိန်တွင် ရေဝေးသုဿန်၌ သင်္ဂြုလ်မည်ဖြစ်ပါ၍ နီးစပ်ရာ ရပ်ဝေး၊ ရပ်နီး သူငယ်ချင်းများအား လိုက်ပါ ပို့ဆောင်နိုင်ပါရန် အသိပေးအပ်ပါသည်။

အကုန်လုံးဖတ်မယ်.....

Friday 17 June 2011

အေးသန္တာဗိုလ်၏ မျိုးဆက်သစ် သမီးလေး မြတ်ဆုမွန်ဇော်

မြန်မာ့နှစ်သစ်မင်္ဂလာ နှစ်ဦးအချိန်ကာ သမယတွင် geolfriends94 သူငယ်ချင်း မအေးသန္တာဗိုလ်၏ မျိုးဆက်သစ် သမီးလေးအား ၂၀၁၁၊ မေလ၊ ၃၁ရက်နေ့ အင်္ဂါနေ့ ညနေ ၅နာရီ ၃၂မိနစ်အချိန်တွင် စင်ကာပူနိုင်ငံ၌ မွေးဖွားသန့်စင်ခဲ့ကြောင်း သိရှိရပါသဖြင့် geolfriends94 သူငယ်ချင်းများမှာ ၀မ်းမြောက်ဝမ်းသာ ဖြစ်မိပါကြောင်း၊ သမီးလေး သက်တော်ရာကျော် ရှည်ပါစေကြောင်း ဆုမွန်ကောင်းများတောင်းအပ်ပါသည်။ သမီးလေး၏ နာမည်အား Myat Su Mon Zaw (မြတ်ဆုမွန်ဇော်)ဟု အမည်ပေးထားကြောင်းသိရှိရပါသည်။ သူငယ်ချင်း အေးသန္တာဗိုလ်၏ သမီးလေး မြင့်မြတ်သော ဆုမွန် များဖြင့် ပြည့်စုံနိုင်ပါစေ။

အကုန်လုံးဖတ်မယ်.....

Monday 2 May 2011

သူငယ်ချင်း ကိုစောလှအေး၏ ဖခင် ကွယ်လွန်

geolfrineds94 သူငယ်ချင်း ကိုစောလှအေး (94 သူငယ်ချင်း မကေသွယ် (ဘလောက်ကာ ကေ) ၏ ခင်ပွန်း) ၏ ဖခင်ဖြစ်သူ စောမောင့်ဘက်တန် (အသက် ၆၆နှစ်-တောင်ငူ) သည် ကျောက်ကပ်ရောဂါဖြင့် ဧပြီလ (၁၅)ရက်နေ့ ၂၀၁၁ က ရန်ကုန်မြို့တွင် ဆုံးပါးသွားကြောင်း သိရှိရပါသဖြင့် သူငယ်ချင်း၏ မိသားစုနှင့်တကွ ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲရပါသည်။ သူငယ်ချင်း၏ ဖခင် ကောင်းရာသုဂတိ လားပါစေကြောင်း geolfriends94 သူငယ်ချင်းများမှ ဆုမွန်ကောင်း တောင်းအပ်ပါသည်။

အကုန်လုံးဖတ်မယ်.....

Friday 18 March 2011

ကိုညီညီဝင်း ၏ မိခင် ကွယ်လွန်

geolfriends94 သူငယ်ချင်း ကိုညီညီဝင်း (ရစ်ထုတ်ကြီး)၏ ချစ်လှစွာသော မိခင် ဒေါ်ဝင်းထိန် (အသက် - ၆၈နှစ်) သည် ဆီးချိုရောဂါဖြင့် ရန်ကုန်အထွေထွေရောဂါကု ဆေးရုံကြီး တွင် မတ်လ (၁၇)ရက် ၂၀၁၁ တွင် ကွယ်လွန်သွားပါသည်။ အဆိုပါ ဆေးရုံမှ မတ်လ (၁၉)၊ ၂၀၁၁ ခုနှစ်၊ နံနက် (၁၁း၃၀)နာရီ တွင် ရေဝေးသုဿန်သို့ ပို့ဆောင် သဂြိုလ်မည်ဖြစ်ပါကြောင်း ရပ်နီး၊ ရပ်ဝေးသူငယ်ချင်းများ သိစေအပ်ပါသည်။
သူငယ်ချင်း ကိုညီညီဝင်းနှင့် တကွ geolfriends94 သူငယ်ချင်းများအားလုံး ထပ်တူထပ်မျှ ၀မ်းနည်း ကြေကွဲမိပါသည်။ သူငယ်ချင်း၏ ချစ်လှစွာသော မိခင် ကောင်းရာသုဂတိလားပါစေကြောင်း ဆုတောင်းအပ်ပါသည်။

အကုန်လုံးဖတ်မယ်.....

Saturday 22 January 2011

ကိုသူရဇော်၏ဖခင် ကွယ်လွန်

Geolfriends94 သူငယ်ချင်း ကိုသူရဇော်(ကျားကြီး) ၏ဖခင် ဦခင်မောင်ဇော် (အသက်-၆၅နှစ်)သည် ၆၊ ဇန်န၀ါရီ၊ ၂၀၁၁ တွင် ကွယ်လွန်သွားကြောင်း ကြားသိရသည့်အတွက် geolfriends94 သူငယ်ချင်းများမှ ကိုသူရဇော် (ကျားကြီး) နှင့်တကွ ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲရပါသည်။

အကုန်လုံးဖတ်မယ်.....

ကိုအောင်ကျော်၏မိခင် ကွယ်လွန်

Geolfriends94 ၏ သူငယ်ချင်း ကိုအောင်ကျော်၏ချစ်လှစွာသော မိခင် ဒေါ်နီ(ဝေါမြို့)အသက် (၇၇)နှစ် သည် ၃၁၊ ဒီဇင်ဘာလ၊ ၂၀၁၀ တွင် ကွယ်လွန်သွားကြောင်း သိရှိရပါသဖြင့် သူငယ်ချင်းကိုအောင်ကျော်နှင့်တကွ ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲမိသည်။ သူငယ်ချင်း၏မိခင် ကောင်းရာသုဂတိလားပါစေကြောင်း geolfriends94 သူငယ်ချင်းများမှ ဆုတောင်းအပ်ပါသည်။

အကုန်လုံးဖတ်မယ်.....