၁၉၉၁-၁၉၉၄ ဘူမိဗေဒသူငယ်ချင်းများ၏ စတုတ္ထအကြိမ်မြောက် အာစရိယပူဇော်ပွဲကို ၂၀၁၂ ဇန်န၀ါရီလကုန်တွင် ကျင်းပမည်။ ...........

Friday 21 September 2007

ဒုတိယအကြိမ် ဆရာကန်တော့ပွဲ

၂၄၊ ဖေဖေါ်ဝါရီ၊ ၂၀၀၇ (စနေနေ့) တုန်းက ဒုတိယအကြီမ် ဆရာကန်တော့ပွဲနှင့် မိတ်ဆုံညစာစားပွဲ လုပ်သွားတာ သိတဲ့လူလည်းသိတယ်၊
တချို့ကတော့ မသိတာ၊ မလာနိုင်တာတွေလည်းရှိတယ်။
နိုင်ငံခြားက သူငယ်ချင်းတွေကလည်း အလှုငွေတွေ ပေးပို့ကြပါတယ်။
ထုံးစံအတိုင်း ကျွန်တော်တို့ရဲ့ အလွန်အားကိုးရတဲ့ သူငယ်ချင်း မသူဇာတို့၊ ကိုအောင်သိန်းတို့ရဲ့ စုစည်း ကမကထ ပြုမှုရယ်၊ အထူးသဖြင့် Geology Department, Yangon University မှာ lecturer အဖြစ်ရှိနေတဲ့ ကိုကျော်လင်းဦးရဲ့ တက်တက်ကြွကြွနဲ့ ပူးပေါင်းခေါင်းဆောင်ခဲ့ လို့လည်း ဆရာ၊ဆရာမများအတွက် လစ်ဟာမှုမရှိအောင် ဖြည့်ဆည်းပေးနိုင်ခဲ့ပြီး အားလုံးဟာ အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ အခြားသော သူငယ်ချင်းတွေဟာလည်း မိမိတို့တပ်စွမ်းသရွေ့ပါဝင် ဆောင်ရွက်ခဲ့ကြတာလည်း အမှတ်တရ၊ ကြည်နူးစရာပါဘဲ။
ဟဲဟဲ မိတ်ဆုံညစာစားပွဲကတော့ ကိုလှမျိုးထွန်း-မညိုမီတို့ အိမ်မှာ စားရင်း၊ သောက်ရင်း၊ ကာရာအိုကေဆိုရင်း ပျော်ရွှင်စွာ ဆုံတွေ့ ခဲ့ကြပါတယ်။ (ဒီအတွက်လည်း အားလုံးသော Geology94က သူငယ်ချင်းတွေရဲ့ နှိပ်စက်မှုကို မညီးမငြူ ပျော်ပျော်ပါးပါးကြီး အပင်ပန်းခံပေးတဲ့ မညိုမီကို အထူး ကျေးဇူး တင်ပါတယ်။)
နောင် ၂၀၁၀ခုနှစ်မှာ ပြန်လည်ဆုံကြ ဦးမယ်လို့ စီစဉ်ထားပါတယ်။

No comments: