၁၉၉၁-၁၉၉၄ ဘူမိဗေဒသူငယ်ချင်းများ၏ စတုတ္ထအကြိမ်မြောက် အာစရိယပူဇော်ပွဲကို ၂၀၁၂ ဇန်န၀ါရီလကုန်တွင် ကျင်းပမည်။ ...........

Sunday 2 December 2007

မျိုးဆက်သစ် သတင်း

ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ (အခြေချနေထိုင်မယ်လို့ရည်ရွယ်ထားတယ်ထင်ပ) သူငယ်ချင်း ကိုညီညီဦး (သာခွေယိုင်) တစ်ယောက် ထိုင်းနိုင်ငံသူကလေးနဲ့ ဖူးစာဘက်စုံပြီး သကာလ နိုဝင်ဘာ (၈)ရက်နေ့က သမီးဦး ကလေး ကို ထိုင်းနိုင်ငံမှာဘဲ အောင်မြင်စွာ မွေးဖွားပြီးဖြစ်ကြောင်းသိရှိရပါသည်။
ကိုကျော်ဇင်ဝင်း(နေဆူးသစ်/စိုးစိုး) အတွက်လည်း မျိုးဆက်သစ် ဒုတိယမြောက် သမီးကလေးကို ရန်ကုန်မြို့မှာ နိုဝင်ဘာ (၂၈)ရက်နေ့က သူ့ရဲ့အမျိုးသမီးမှ အောင်မြင်စွာဖြင့် မွေးဖွားနိုင်ခဲ့ကြောင်း သိရှိရပါတယ်။
ကိုညီညီဦးနှင့် ကိုကျော်ဇင်ဝင်း တို့၏ ကလေးနှင့်မိခင်များသည်လည်း အဆင်ပြေ ချောမော ကျန်းမာစွာဖြင့် ရှိကြောင်း သိရသည့်အတွက် geolfriends94 အဖွဲ့သားများမှ ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြရပါသည်။ (စကားချပ် ။ ။ သားရှင် များ ဆက်သွယ်နိုင် ပါသည်။)
သူငယ်ချင်းတို့မိသားစုများ သက်ဆုံးတိုင် ပျော်ရွင်ချမ်းမြေ့မှုများနှင့် ပြည့်စုံနိုင် ပါစေကြောင်း ဆုမွန်ကောင်းများ တောင်းအပ်ပါသည်။

No comments: