၁၉၉၁-၁၉၉၄ ဘူမိဗေဒသူငယ်ချင်းများ၏ စတုတ္ထအကြိမ်မြောက် အာစရိယပူဇော်ပွဲကို ၂၀၁၂ ဇန်န၀ါရီလကုန်တွင် ကျင်းပမည်။ ...........

Tuesday 10 June 2008

မြန်မာဘူမိသိပ္ပံ သဘာဝဘေးအန္တရယ် ကူညီစောင့်ရှောက်ရေးအသင်း၏ ပထမဆုံးခရီး

မြန်မာဘူမိသိပ္ပံ သဘာဝဘေးအန္တရယ် ကူညီစောင့်ရှောက်ရေးအသင်းမှ ဥက္ကဌ ဦးအေးလွင်နှင့် ကော်မတီဝင်များ ဖြစ်ကြသော ဦးတင်အုန်း၊ ဒေါ်ဝင်းကြည်၊ ဦးဆန်နီ၊ ဦးရဲမြတ်စိုး၊ ဦးစိုးသူရထွန်း တို့သည် ပထမဆုံးခရီးစဉ်အဖြစ် ဖျာပုံမြို့နယ်ရှိ ဖျာပုံမြစ်ဝတွင် အကြီးဆုံးကျေးရွာအုပ်စုဖြစ်သော ကနိကျေးရွာနှင့် (အေးသာယာ) ကျေးရွာအုပ်စု ခြောက်အိမ်တန်းရွာများသို့ ဇွန်လ (၇)ရက်နေ့က သွားရောက် ခဲ့ကြောင်းသိရှိရသည်။

ကနိကျေးရွာ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ရောက်ရှိပြီး လက်ရှိဆရာတော် ဘဒ္နန္တပဏ္ဍိတ မဟာဘုံစံ ကျောင်းဆရာတော်အား ဖူးမျှော်တွေ့ဆုံပြီး ဆရာတော်နှင့် အတူ ဂေဟာကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ ဦးညိုမြင့် အားတွေ့ဆုံခဲ့ပါသည်။ ထိုပရဟိတဂေဟာတွင် အသက် ၅နှစ်မှ ၁၄နှစ်ထိ ကျောင်းသားလူငယ်ပေါင်း (၇၂)ဦးရှိရာ နာဂစ်မုန်တိုင်းကြောင့် မိဘများကွယ်လွန်သွားသော ကလေးငယ်များ တိုးပွားလျက်ရှိပြီး၊ ထပ်မံ တိုးပွား လာနိုင်ကြောင်းနှင့် အဆိုပါကလေးများအတွက် စနစ်တကျ ကူညီထောက်ပံ့နိုင်မည့် လှုဒါန်းမှုများ ပြုလုပ်နိုင်ရန် ဆွေးနွေးတိုင်ပင်ခဲ့ကြကြောင်း သိရှိရပါသည်။

အဆိုပါအဖွဲ့သည် ခြောက်အိမ်တန်းကျေးရွာတွင်လည်း ကျေးရွာဥက္ကဌ ဦးအောင်နိုင်ထွန်းနှင့် ထပ်မံတွေ့ဆုံခဲ့ပြီး ထိုရွာရှိ အိမ်ထောင်စုပေါင်း (၁၂၀)ခန့်၏ အခြေအနေ၊ စေတနာရှင်များ၏ ကူညီထောက်ပံ့မှုများအား လက်ခံရရှိမှုနှင့် လုပ်ငန်းခွင် ပြန်လည်ဝင်နိုင်ရေး လုပ်ဆောင်နေမှုများကို သိရှိခဲ့ရပြီး၊ ကျေးရွာရှိ ကလေး (၂၀၀)ခန့် တက်ရောက်နေသည့် ပျက်ဆီး သွားခဲ့ရသော မူလတန်းကျောင်းအား ပြန်လည်ပြုပြင် လှုဒါန်းနိုင်ရန် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်းလည်း သိရှိရပါသည်။

No comments: