၁၉၉၁-၁၉၉၄ ဘူမိဗေဒသူငယ်ချင်းများ၏ စတုတ္ထအကြိမ်မြောက် အာစရိယပူဇော်ပွဲကို ၂၀၁၂ ဇန်န၀ါရီလကုန်တွင် ကျင်းပမည်။ ...........

Monday 27 July 2009

အားပေးသူများအား အထူးကျေးဇူးတင်ပါသည်။

အားပေးကြတဲ့ သူငယ်ချင်းများကို အထူးကျေးဇူးတင်ပါတယ်။ နောက်ပြီး အနူးအညွတ်တောင်းပန်ပါတယ်။ ကျွန်တော်တို့ geolfriends94 ဟာ ဖုန်တော်တော် တက်နေတာမို့ အခုမှ ဖုတ်ဖက်ခါထပြီး အားယူရတာပါ။ သတင်းတွေရှိပါတယ်။ လူတွေလည်းရှိကြပါတယ်။ အားပေးကြတဲ့ သူငယ်ချင်းတွေပါ။ ဒါကြောင့် ကျွန်တော်တို့ geolfriends94 သူငယ်ချင်းတွေက အလွန်ကို အားကိုးရပါတယ်။ အနယ်နယ်၊ အပြည်ပြည်မှနေပြီး အားပေးပါတယ်.........အမြဲတမ်းအားပေးပါတယ်.......အထပ်ထပ်ကို အားပေးကြပါတယ်။
တခါတရံ (သို့မဟုတ်) အမြဲလိုလို အားပေးကြပါတယ်။
အားပေးပါတယ်။
တချို့ မသိသေးတဲ့ သူတွေကို လက်တို့ကြပါတယ်။ အခြားနှစ်များက သူငယ်ချင်းတွေကလည်း အားပေးကြပါတယ်။
အခု ပြောနေရင်းတောင် မကြာခဏ www.geolfriends94.blogspot.com ဆိုတဲ့ လိပ်စာကို ပေးပေးနေရတဲ့ သူငယ်ချင်းက လိပ်စာမေ့သွားလို့ ထပ်တောင်းနေပါတယ်။ သူကလည်း ကြုံရင်ကြုံသလို လိပ်စာတောင်းပြီး အားပေးပါတယ်။ (လိပ်စာ မေ့မေ့နေတာက လွဲလို့ပါ။)
အားကိုးတကြီး ကြံရာပါမယ့် သူငယ်ချင်းများကို account တွေတွဲလုပ်ထားတာ လည်းရှိပါတယ်။ သူတို့လည်း အားပေးပါတယ်။
ဒါကြောင့်မို့ အားပေးသူများနှင့် ပြည့်နေတဲ့ ကျွန်တော်တို့ geolfriends94 ဘလောက်ကို ဆက်လက်ပြီး အားပေးကြပါ။ ကျွန်တော်တို့ အတတ်နိုင်ဆုံး ဖုန်မတက်အောင် ကြိုးစားပါမယ့် ခင်ဗျား။
ဆက်လက်ပြီး အားပေးကြပါလို့.............................။

No comments: