၁၉၉၁-၁၉၉၄ ဘူမိဗေဒသူငယ်ချင်းများ၏ စတုတ္ထအကြိမ်မြောက် အာစရိယပူဇော်ပွဲကို ၂၀၁၂ ဇန်န၀ါရီလကုန်တွင် ကျင်းပမည်။ ...........

Tuesday 4 August 2009

ပင်စင်ယူတော့မည့် ကိုတင်ဝင်း

မန္တလေးဆောင် ဘူမိဗေဒဌာနတွင် တက်ရောက်ခဲ့ကြသည့် ကျောင်းသူ၊ ကျောင်းသားဟောင်းများသည် ဓါတ်ခွဲခန်းသို့သွားရောက်၍ လက်တွေ့ လေ့ကျင့်ခန်းများကို လုပ်ဆောင်ရသူချည်းပင်ဖြစ်သည်။ ထို့အတူ ဓါတ်ခွဲခန်း ၀န်ထမ်းများနှင့်လည်း ရင်းနှီးခင်မင် ခဲ့ကြရပေသည်။
ယခု ကျွန်တော်တို့ ရင်းနှီးခင်မင်ခဲ့ရသော မန္တလေးဆောင်၊ ဘူမိဗေဒ ဓါတ်ခွဲခန်းဝန်ထမ်းများထဲမှ ကိုတင်ဝင်း သည် ပင်စင်ယူတော့မည် ဖြစ်သောကြောင့် မန္တလေးဆောင်တွင် ၄င်းအားနူတ်ဆက်ပွဲ ကျင်းပရန် စီစဉ်လျက်ရှိသည်ဟု သိရှိရပါသည်။
ထို့ကြောင့် အနယ်နယ်၊ အပြည်ပြည်သို့ ရောက်နေကြသော ဘူမိဗေဒ ကျောင်းသား၊ ကျောင်းသူ ဟောင်းများမှ မိမိတို့ တတ်နိုင်သလောက် စုစည်း၍ လှုဒါန်းနိုင်ပါကြောင်း geolfriends94 မှ ဖိတ်ခေါ် စုစည်းလိုက်ပါသည်။

1 comment:

kay said...

ဦးစိုးမင်းကော.. ခွိ