၁၉၉၁-၁၉၉၄ ဘူမိဗေဒသူငယ်ချင်းများ၏ စတုတ္ထအကြိမ်မြောက် အာစရိယပူဇော်ပွဲကို ၂၀၁၂ ဇန်န၀ါရီလကုန်တွင် ကျင်းပမည်။ ...........

Wednesday 16 December 2009

လိပ်စာမှတ်တမ်းစာအုပ်

မကြာမီ ကျင်းပပြုလုပ်တော့မည့် သလင်းရတုအထိမ်းအမှတ် အာစရိယပူဇော်ပွဲ အတွက် ရန်ကုန်တွင်ရှိသည့် သူငယ်ချင်းများမှာ အချင်းချင်းဆက်သွယ်၊ စီစဉ်စရာရှိသည်များကို စီစဉ်လျက် ပွဲဖြစ်မြောက်ရေးအတွက် စွမ်းစွမ်းတမံ လှုပ်ရှားနေကြသည်ကို geolfriends94 သူငယ်ချင်းများမှ အထူးပင် ၀မ်းမြောက်ပိတိ ဖြစ်ရပေသည်။
သို့သော် မိမိတို့ အချင်းချင်း နီးစပ်ရာကို လွယ်လွယ်ကူကူ ဆက်သွယ်နိုင်ကြသော်လည်း တစ်ခါတစ်ရံ လိပ်စာအပြောင်းအလဲ၊ အလုပ်အပြောင်းအရွှေ့များကြောင့် ဆက်သွယ်ရန်ခက်ခဲမှုများကိုလည်း တွေ့ကြရသည်။ ထိုသို့သော အခက်အခဲများကို ဖြေရှင်းနိုင်ရန် geolfriends94 မှ သူငယ်ချင်းများက ဒုတိယအကြိမ်မြောက် အာစရိယပူဇော်ပွဲတွင် ADDRESS BOOK ကို စတင် စီစဉ် အကောင်အထည် ဖေါ်ခဲ့ကြသည်။ သို့သော်လည်း အဆိုပါ ADDRESS BOOK သည် သူငယ်ချင်းအားလုံး၏ လိပ်စာနှင့် အခြားအချက်အလက်များ ပြီးပြည့်စုံစွာ ပါဝင်နိုင်ခြင်း မရှိခဲ့သလို၊ ယခု ၂၀၁၀ ခုနှစ် တတိယအကြိမ်မြောက် အာစရိယပူဇော်ပွဲ ကျင်းပချိန်တွင် သူငယ်ချင်းများ၏ လိပ်စာအပြောင်းအလဲများစွာ ရှိနိုင်သည်ဖြစ်သောကြောင့် geolfriends94 သူငယ်ချင်းများက ယခင်ပြုလုပ်ထားသော ADDRESS BOOK တွင် သူငယ်ချင်းတို့၏ အချက်အလက်များကို ထပ်မံဖြည့်စွက် ပြုပြင်သွားမည်ဖြစ်သောကြောင့် လက်ရှိ email လိပ်စာရှိနေသော သူငယ်ချင်းများအားလုံးထံသို့ geolfriends94 မှ email ဖြန့်ဝေလိုက်ပါသည်။
သူငယ်ချင်းတို့၏ လိပ်စာနှင့်အခြားအချက်အလက်များကို ဖြည့်စွက်နိုင်ပါရန်နှင့် မပါရှိသေးသော ကွက်လပ်ကျန်နေသည့် အခြားသူငယ်ချင်းများကိုလည်း လက်ဆင့်ကမ်းပေးနိုင်ကြပါကြောင်း geolfriends94 မှ ဆော်သြလိုက်ရပါသည်။
ဆက်သွယ်ရန်မှာ geolfriends94@gmail.com ဖြစ်ပါသည်။

No comments: