
ဆရာငြိမ်းသည် ကွယ်လွန်ချိန်တွင် အသက် (၉၁)နှစ်ရှိပြီ ဖြစ်ပြီး သက်ကြီးဝါရင့် အားကစား ကလောင်ရှင်များ ဂုဏ်ပြုကန်တော့ပွဲသို့ အောက်တိုဘာလ (၁၈)ရက်နေ့က နောက်ဆုံး တက်ရောက်ခဲ့ကြောင်းလည်း သိရှိရသည်။
ဆရာငြိမ်းသည် စစ်ပြီးကာလတွင် အင်္ဂလန်၌ ပညာသင်ကြားခဲ့ပြီး၊ ရန်ကုန်တက္ကသိုလ်တွင် အားကစား အရာရှိအဖြစ်ဆောင်ရွက်ခဲ့သလို ရန်ကုန် တက္ကသိုလ် အသင်း၏ နည်းပြအဖြစ်နှင့် မြန်မာ့လက်ရွေးစင် ကစားသမားပေါင်း များစွာကို မွေးထုတ်ပေးနိုင်ခဲ့သည်။ ထိုစဉ်အချိန်က မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းသည် ကျွန်းဆွယ်ဒေသတွင် အလွန်အောင်မြင်ခဲ့သော အသင်းတစ်သင်း ဖြစ်ခဲ့သည်။
No comments:
Post a Comment