၁၉၉၁-၁၉၉၄ ဘူမိဗေဒသူငယ်ချင်းများ၏ စတုတ္ထအကြိမ်မြောက် အာစရိယပူဇော်ပွဲကို ၂၀၁၂ ဇန်န၀ါရီလကုန်တွင် ကျင်းပမည်။ ...........

Saturday 26 July 2008

ဇူလိုင်လ အတွင်း MGS ၏ နည်းပညာဟောပြောပွဲ

မြန်မာဘူမိသိပ္ပံအသင်း MGS (Myanmar Geosciences Society) ဟာ နည်းပညာဆွေးနွေးပွဲများကို အခါအားလျော်စွာ ကျင်းပလာခဲ့ရာမှာ ၂၀၀၈ ခုနှစ်အတွင်း ခပ်စိပ်စိပ်ကလေးကျင်းပလာတာကို တွေ့ရပါတယ်။
အတွေ့အကြုံရှိ ဆရာ၊ဆရာမကြီးများ၏ စာတမ်းများကလည်း နည်းပညာ ဖြန့်ဝေမှုအတွက် အတွေ့အကြုံများစွာကို ပေးစွမ်းနိုင်သလို၊ မျိုးဆက်သစ် လူငယ်များရဲ့ လေ့လာတွေ့ရှိချက် စာတမ်းများကလည်း အနာဂတ် မြန်မာဘူမိသိပ္ပံနည်းပညာ တိုးတက်မှု အခန်းကဏ္ဍအတွက် အားတက်ဖွယ်ရာ တွေ့မြင်ရပါတယ်။
ဇူလိုင်လ၊ ၂၆ ရက်က မြန်မာဘူမိသိပ္ပံအသင်းရဲ့ နည်းပညာ ဟောပြောပွဲမှာတော့ စွမ်းအင်(စီမံကိန်း) မှ ညွှန်ချုပ်ဟောင်း ဦးစိုးမြင့်မှ Energy and Geopolitics-Myanmar ဆိုတဲ့စာတမ်းကို ဖတ်ကြားသွားတယ်လို့ သိရပါတယ်။
မြန်မာဘူမိသိပ္ပံအသင်းမှ နည်းပညာစာတမ်းဖတ်ပွဲများမှသည် နိုင်ငံတကာစာတမ်း ဖတ်ပွဲများဆီသို့ ပွင့်လင်းစွာချိတ်ဆက်နိုင်မည့် နေရက်များအား မကြာမီ မြင်တွေ့နိုင် မည်ဟု ယူဆရပါသည်။

No comments: