၁၉၉၁-၁၉၉၄ ဘူမိဗေဒသူငယ်ချင်းများ၏ စတုတ္ထအကြိမ်မြောက် အာစရိယပူဇော်ပွဲကို ၂၀၁၂ ဇန်န၀ါရီလကုန်တွင် ကျင်းပမည်။ ...........

Sunday 20 July 2008

မြန်မာဘူမိသိပ္ပံ (MGS) ၏ သဘာဝဘေးအန္တရာယ် ကူညီစောင့်ရှောက်ရေးအသင်း (NCRD) ၏ ဒုတိယအကြိမ်မြောက် ခရီးစဉ်






မြန်မာဘူမိသိပ္ပံ (MGS) ၏ သဘာဝဘေးအန္တရာယ် ကူညီစောင့်ရှောက်ရေးအသင်း (NCRD) ဟာ ဒုတိယအကြိမ်မြောက် ခရီးစဉ်အဖြစ် ဇွန်လ (၁၃)နေ့က မော်လမြိုင်ကျွန်းသို့ ရေကြောင်းခရီးဖြင့် သွားရောက်ခဲ့ပြီး သက်ကြီးရွယ်အိုများနဲ့ မိဘမဲ့ကလေးငယ်များ၏ လိုအပ်ချက်များကို ဖေးမ၊ ကူညီဆောက်ရွက်ပေးရန် ရည်ရွယ်ထားသည့် အတိုင်း မော်လမြိုင်ကျွန်းရှိ ချမ်းမြေ့ဘိုဘွားရိပ်သာသို့ လှုဒါန်းမှုငွေများ၊ စောင်၊ ခြင်ထောင်နှင့် အခြားလိုအပ်သည့် ပစ္စည်းများကို ထပ်မံ လှုဒါန်းခဲ့ကြောင်း သိရှိရပါသည်။ မကြာခင်မှာလည်း ရန်ကုန်ရှိ အလှုရှင်တစ်ဦးမှ လှုဒါန်းသည့် ရေရရှိရေးအတွက် အ၀ီဇိတွင်းဖြစ်မြောက်အောင် အမြန်ဆုံးတူးဖော် ဆောင်ရွက်မည်ဟုလည်းသိရှိရပါသည်။

CNDR ကော်မတီသည် ဇေယျသီရိ သီလရှင်ပရိယတ္တိ စာသင်တိုက်သို့ ထပ်မံဝင်ရောက်ခဲ့ပြီး ထပ်မံလှုဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါစာသင်တိုက်၏ အခမဲ့မူလတန်းကျောင်းတွင် မိန်းကလေးငယ် (၄၀)၊ သီလရှင်ငယ် (၁၁)ပါးနှင့် နာဂစ်မုန်တိုင်းဒဏ်ကြောင့် မိဘမဲ့ခဲ့ရသော ခလေးငယ် (၅)ဦးတို့အား လက်ခံထားရှိ သင်ကြားလျက်ရှိပါသည်။ အဆိုပါစာသင်တိုက်အတွက် ပံပိုးမှုများစွာ လိုအပ်လျက် ရှိကြောင်းလည်း သိရှိရပါသည်။

No comments: