၁၉၉၁-၁၉၉၄ ဘူမိဗေဒသူငယ်ချင်းများ၏ စတုတ္ထအကြိမ်မြောက် အာစရိယပူဇော်ပွဲကို ၂၀၁၂ ဇန်န၀ါရီလကုန်တွင် ကျင်းပမည်။ ...........

Wednesday 9 July 2008

NARGIS ဘေးဒဏ်အတွက် ဂျပန်ရောက် ဘူမိဗေဒကျောင်းသားဟောင်း တစ်ဦး၏ လှုဒါန်းမှု

အချိန်တိုအတွင်းမှာ အရှိန်အဟုန်ကောင်းကောင်းနဲ့ လှုပ်ရှား၊ လှုဒါန်းမှုများပြုလုပ်နေတဲ့ မြန်မာဘူမိသိပ္ပံ သဘာဝဘေးအန္တရယ် ကူညီစောင့်ရှောက်ရေးအသင်း (CNDR) မှ အသင်းအကြံပေး အဖွဲ့ဝင် ဆရာကြီးများ၊ အသင်းအလုပ်အမှုဆောင် အဖွဲ့ဝင်များ၏ တွေ့ဆုံ ဆွေးနွေးပွဲကို ဇူလိုင် (၈)၊ ၂၀၀၈ က မြန်မာဘူမိသိပ္ပံအသင်း ရုံးခန်းတည်ရှိရာ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း အဆောက်အဦမှာ ကျင်းပခဲ့ကြောင်းသိရှိရပါသည်။

ထို့အပြင် Nargis မုန်တိုင်းအလွန် မေလ (၁၀)ရက်၊ ၂၀၀၈တွင် ကွယ်လွန်သွားပြီဖြစ်တဲ့ ချစ်လှစွာသော ဇနီးအား ရည်စူး၍ ဂျပန်နိုင်ငံရှိ တိုကျိုတက္ကသိုလ်နိုင်ငံခြားဘာသာဌာနတွင် ပညာသင်ကြားနေသော ဦးညွန့်ရွှေ (1971 geology batch) နှင့် ရန်ကုန်ရှိ သမီးများက Nargis ဒဏ်ခံရသော ဒေသများအား ကူညီထောက်ပံ့နိုင်ရန်အတွက် ငွေကျပ် (၅)သိန်းတိတိကို မြန်မာဘူမိသိပ္ပံအသင်း (MGS) လက်အောက်ရှိ မြန်မာဘူမိသိပ္ပံ သဘာဝဘေးအန္တရယ် ကူညီစောင့်ရှောက်ရေးအသင်းသို့ ပေးအပ်လှုဒါန်းရာ အသင်း၏အကြံပေးအဖွဲ့ဝင်၊ မြန်မာဘူမိသိပ္ပံအသင်း (MGS) ၏ ဥက္ကဌ ဒေါက်တာဝင်းဆွေ၊ ဆရာကြီး ဒေါက်တာဦးသိန်း နှင့် ကော်မတီအဖွဲ့ဝင်များမှ လက်ခံရယူပြီး ဆရာကြီး ဒေါက်တာဝင်းဆွေမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
မြန်မာဘူမိသိပ္ပံအသင်း (MGS) ၏ website မှ တဆင့် ကမ္ဘာတ၀ှမ်းရှိ ဘူမိဗေဒ ကျောင်းဆင်းများသည် အသင်း၏လှုပ်ရှားမှုများနှင့် အခြားသတင်း အချက်အလက်များကို အချိန်တိုအတွင်းသိရှိရပြီး ဆက်သွယ်လှုဒါန်းမှုများကို ပြုလုပ်လျက်ရှိကြကြောင်း သိရှိရပါသည်။ မြန်မာဘူမိသိပ္ပံအသင်း၏ website လိပ်စာမှာ http://www.myanmargeosciences.org ဖြစ်ပါသည်။

ဦးညွန့်ရွှေနှင့် သမီးများ၏ NARGIS ဘေးဒဏ်အတွက် ကူညီလှုဒါန်းမှုအား မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။


No comments: