၁၉၉၁-၁၉၉၄ ဘူမိဗေဒသူငယ်ချင်းများ၏ စတုတ္ထအကြိမ်မြောက် အာစရိယပူဇော်ပွဲကို ၂၀၁၂ ဇန်န၀ါရီလကုန်တွင် ကျင်းပမည်။ ...........

Friday 1 February 2008

ပျက်အစဉ်ပြင်မရ


အာသီသ

ပြောပြန်ရင်လည်း ကိုယ့်ပေါင် ကိုယ် လှန်ထောင်းသလို ပါပဲ ၊ တစ်ချိန်လုံး ငယ်ငယ်လေး ကတည်းက အခုအထိ ငါနှင့်စတဲ့ စကားလုံးတွေပဲ ပြောတတ် တွေးတတ်ခဲ့တယ်။ ငါ့အတွက် ၊ ငါ့အောင်မြင်မှု့ အတွက် ၊ ငါအဆင်ပြေဖို့အတွက် အစသဖြင့်ပေါ့။ အဲဒီ အတွက် ကျွန်တော့ကိုယ် ကျွန်တော်ရော ကျွန်တော့ မိသားစုကိုပါ အပြစ် မတင်ပါဘူး။ နွံနစ် နေတဲ့ အချိန်မှာ ကိုယ်လွှတ် ရုန်းဖို့ပဲ စဉ်းစား မိကြမယ် မဟုတ်ပါလား။ ကမ္ဘာမီးလောင် သားတောင် ချနင်းသေးတာဟုတ်…။ ဒါပေမယ့် ငတေလို စိတ်မျိုးတော့ ဘယ်တုန်းကမှ မမွှေးခဲ့ ၊ တရားသဖြင့် အတ္တ ရှိခဲ့တာပါ။

အရွယ် ရင့်လာတော့ တဖြည်းဖြည်း ကိုယ့်ကိုကိုယ် မြင်လာတယ် ၊ သိလာတယ် ၊ ဒါပေမယ့် အလာကား နေရင်း နဲ့ သိလာတာ မျိုးတော့ မဟုတ် ၊ အတ္တဟိတ ပရဟိတ အသိရှိကြတဲ့ မြင်ဆရာ ကြားဆရာ သူငယ်ချင်းတွေ လုပ်ဖေါ်ကိုင်ဖက်တွေ နှင့် ကိုကျော်သူတို့ မသန်းမြင့်အောင် တို့လို ပုဂ္ဂိုလ်မျိုးတွေ ကြည့်ပြီး ပြောင်းလည်း လာတာပါ။

သူတို့တွေ ထဲကမှ ၉၄-၉၅ ဘူမိ ကျောင်းသားဟောင်းများ ဆရာကန်တော့ပွဲကို နှစ်ကြိမ်တိုင်တိုင် အောင်အောင်မြင်မြင် စည်စည်ကားကားနှင့် အဓိပါယ်ရှိရှိ အနှစ်သာရ ပြည့်မီအောင် ရှေ့ဆုံးကနေ အပင်ပန်းခံ အငြိုငြင်ခံ ဦးဆောင်ဦးရွက် ပြုသွားတဲ့ သူငယ်ချင်း “မသူဇာ”အကြောင်း နည်းနည်း ပြောပါရစေ။ သူတစ်ယောက်ထဲ အောင်မြင်အောင် လုပ်သွားတယ်လို့ ကျွန်တော် မပြောပါဘူး။ နီးစပ်းရာ သူငယ်ချင်း တွေရဲ့ စေတနာ ထက်သန်မှု့ ၊ ကူညီယိုင်းပင်းမှု့ ၊ ပံ့ပိုးမှု့ ၊ စိတ်အားထက်သန်မှု့ ၊ စတဲ့ အရင်းအခံ တွေကြောင့်လည်း ပါပါတယ်။ ဒါပေသိ သေချာတာ တခုက ”မသူဇာ”မပါရင် ပွဲမဖြစ် နိုင်ဘူးလို့ သုံးသပ် မိပါတယ်။ ”မသူဇာ”ဟာ ဒီပွဲမျိုး ဖြစ်ဖို့ စတင် စိတ်ကူးသူ ဖြစ်သလို စတင် ဖေါ်ဆောင်သူလည်း ဖြစ်ပါတယ်။ ကိုအောင်သိန်း နှင့်အတူ ငွေပင်ငွေရင်း စိုက်ထုတ်ပြီး ကိုယ်တိုင် နေ့မအား ညမနား စေတနာအပြည့်နှင့် အခက်အခဲ တော်တော်များများကို ကျော်ဖြတ်ပြီး အကောင်အထည် ဖေါ်ခဲ့တာ ”မသူဇာ”ပါ။ ပြောချင်တာက သူမရဲ့ ပရဟိတ စိတ်ဓါတ်လေးပါ ၊ သူမဟာ ဆရာတွေကို ချစ်တယ် လေးစားတယ် ၊ သူငယ်ချင်းတွေကို ချစ်တယ် လေးစာတယ် ၊ ဒီတော့ ဆရာတွေ သူငယ်ချင်းတွေ အတွက် ကောင်းကျိုးကို လိုလားတယ်။ ဆရာတွေရဲ့ ကျေးဇူးကို အမြဲ အမှတ်ရနေတဲ့ ၊ သူငယ်ချင်း တွေရဲ့ အခက်အခဲ တွေကို အမြဲ ကူညီ ဖြေရှင်းပေးတတ်တဲ့ ”မသူဇာ”ရဲ့ စိတ်ဓါတ်ဟာ ကျွန်တော့အတွက် အတုယူစရာပါ ။

အမှန်အတိုင်း ဝန်ခံရရင် ကျွန်တော် သူ့နေရာကို စိတ်ကူးနဲ့ ဝင်ကြည့်မိပါသေးတယ် ။ Is it worth wasting your precious time & money for others? ဆိုတဲ့ မေးခွန်းမျိုးတွေပဲ ခေါင်းထဲ ပေါ်လာပါတယ်။ အတော်လေးကို ကြိုးစားပြီး ပြောင်းယူ ရမှာဘာလား လို့လည်း ဆင်ခြင်မိပါတယ်။ တစ်နေ့ ကြုံကြိုက်လို့ ရှေ့မီနောက်မီ တတိယအရွယ် သူငယ်ချင်း တစ်ယောက်ကို အဲဒီအကြောင်း ပြောပြတော့ သူပြောတဲ့ စကားကြောင့် အတော်လေးကို သဘောကျ သွားတယ်။ ကျွန်တော့မှာ ကျောင်းဆရာ စိတ်ဓါတ် မရှိလို့တဲ့ ၊ ဘာဆိုင်လို့လည်း မေးတော့ သူက ဆိုင်တာပေါ့ကွာတဲ့ ဆရာဆိုတာ ” ပီတိ ” ပဲ စားတာတဲ့ ၊ ” ပီတိ ” စားတတ်ဖို့ ကျောင်းဆရာ ဖြစ်ရမယ် လို့တော့ မဆိုလို ပါဘူးကွာ တဲ့။ သူ ဆိုလိုချင်တာကို သေသေ ချာချာတော့ သဘောမပေါက် ၊ ဒါပေမယ့် ကြုံရင်တော့ ကိုသက်တင်ညွန့်ု့ ၊ ကိုကျော်စွာနိုင် ၊ ကိုကျော်လင်းဦး ၊ ကိုကျော်ကျော်မင်း ၊ ကိုကျော်ထင်ခိုင် ၊ မယဉ်မင်းထွေး ၊ မမီမီသိန်း တို့ကို မေးအုံးမယ် ဆိုပြီး စိတ်ထဲတော့ ကြိတ်ခဲထားပါရဲ့။

…………………………………

( ၉၅-ဂန်ဒူးတန်းက သူငယ်ချင်းများ အတွက် အမှတ် တရ )

No comments: